နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့ရှိ ကားဈေးကွက်များတွင် ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ အကြားရှိ မော်တော်ယာဉ်များ အရောင်းအဝယ်ပြန်ဖြစ်

ရန်ကုန်    ဇွန်   ၁၃


ရန်ကုန်မြို့ရှိကားဈေးကွက်များတွင်ကျပ်သိန်း ၂၀ဝ နှင့် သိန်း ၃၀ဝ အကြားရှိ မော်တော်ယာဉ်များ အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ကားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။


ယခုအခါ COVID-19 ကြောင့် ယာယီပိတ်ထားခဲ့ရသော ကညနရုံးများ ပြန်လည်ဖွင့်လှစ်လိုက်သလို မကြာမီ အခြေခံကျောင်းများလည်း အဆင့်ဆင့် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကျပ်သိန်း ၂၀ဝ နှင့် ၃၀ဝ အကြားရှိ မော်တော်ယာဉ်များ အရောင်းအဝယ်ပြန်ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။


လက်ရှိတွင် ကျပ်သိန်း ၅၀ဝ အထက်ရှိ မော်တော်ယာဉ်များ အရောင်းအဝယ်အေးနေဆဲဖြစ်ပြီး ကားဝယ်လိုသူအများစုက ကျပ်သိန်း ၃၀ဝ အောက်ရှိ မော်တော်ယာဉ်အသစ်များကိုသာ လိုက်လံရှာဖွေ ဝယ်ယူနေကြကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ရန်ကုန်တိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ပြန့်ပွားမှုကြောင့် ယာယီ ပိတ်ထားခဲ့သော ကညနရုံးများအားလုံးကို ဇွန် ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထိုသို့ ပြန်လည်ဖွင့်လှစ်ရာတွင် နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲ၊ နံနက် ၁၀ နာရီခွဲမှ မွန်းတည့် ၁၂ နာရီ၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီနှင့်ညနေ ၃ နာရီမှ ၄ နာရီခွဲအထိစသည်ဖြင့် အချိန်ပိုင်းများသတ်မှတ်ကာမော်တော်ယာဉ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။   


(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ