နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆု ဆန်ခါတင်စာရင်းများ ထုတ်ပြန်

နိုဝင်ဘာ   ၄

ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ်က ပေးအပ်ချီးမြှင့်သည့် အောက်တိုဘာလ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု၊ အကောင်းဆုံး နည်းပြဆု၊ အကောင်းဆုံးသွင်းဂိုး ဆုနှင့် အကောင်းဆုံးဂိုးကာကွယ် မှု ဆုများအတွက် ဆန်ခါတင် စာရင်းများကို ထုတ်ပြန်ကြေညာ ခဲ့သည်။

အောက်တိုဘာလ အတွက် ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်း တွင် နယူးကာဆယ်အသင်းမှ အယ်လ်မီရွန်၊ ထရစ်ပီယာနှင့် ဂူမာရက်စ်၊ မန်စီးတီးအသင်းမှ ဟာလန်းနှင့် ဒီဘရိုင်း၊ ချဲလ်ဆီး အသင်းမှ ဂိုးသမား ကီပါ၊ ဘရိုက်တန်အသင်းမှ ထရိုဆက် နှင့် အာဆင်နယ်အသင်းမှဇာကာ တို့ ပါဝင်ခဲ့သည်။

ထို့ပြင် အကောင်းဆုံးနည်းပြ ဆု ဆန်ခါတင် စာရင်းတွင် အာဆင်နယ်အသင်း နည်းပြ အာတီတာ၊ မန်စီးတီး နည်းပြ ဂွါဒီယိုလာနှင့် နယူးကာဆယ် နည်းပြ အက်ဒီဟောင်းတို့ပါဝင် ခဲ့ပြီး အဆိုပါဆုအတွက် အက်ဒီ ဟောင်းမှာ ရေပန်းစားလျက်ရှိ သည်။ အကောင်းဆုံး သွင်းဂိုးဆု ဆန်ခါတင်စာရင်းတွင် အာဆင် နယ်အသင်းမှ ပါတေး၊ နယူး ကာဆယ်အသင်းမှ အယ်လ် မီရွန်၊ ချဲလ်ဆီးအသင်းမှ ဂယ်လ် လာဂါ၊ မန်ယူအသင်းမှ အန်တိုနီ၊ မန်စီးတီးအသင်းမှ ဒီဘရိုင်း၊ အဲဗာတန်အသင်းမှ မက်နေးနှင့် လက်စတာအသင်းမှ တိုင်လီမန်း တို့၏ သွင်းဂိုးများ ပါဝင်ခဲ့ပြီး အကောင်းဆုံး ဂိုးကာကွယ်မှုဆု ဆန်ခါတင်စာရင်းတွင် ဖူလ်ဟမ် အသင်းမှ လီနို၊ ချဲလ်ဆီးအသင်း မှ ကီပါ၊ မန်စီးတီးအသင်းမှ အီဒါဆင်၊ စပါးအသင်းမှလိုရစ်၊ နော်တင်ဟမ်အသင်းမှ ဟန်ဒါ ဆန်နှင့် မန်ယူအသင်းမှ ဒီဂီယာ တို့ ပါဝင်ကြောင်း သိရသည်။

သူရိန်






အခြားဆက်စပ်သတင်းများ