နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျူဗင်တပ်ကို အနိုင်ရသော်လည်း အုပ်စုဒုတိယဖြင့်သာ နောက်တစ်ဆင့်တက်ခဲ့သည့် ပီအက်စ်ဂျီ

နိုဝင်ဘာ   ၃

ချန်ပီယံလိဂ် အုပ်စု H ၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် အဖြစ် ဂျူဗင်တပ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ယနေ့ နံနက် အစောပိုင်းက အလီးယန့် ကွင်း၌ ယှဉ်ပြိုင်ကစားရာ ပီအက်စ် ဂျီအသင်းက ဂျူဗင်တပ်အသင်း ကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ ကြောင်း သိရသည်။

ပီအက်စ်ဂျီ အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၁၃ မိနစ်တွင် အမ်ဘတ်ပီနှင့် ၆၉ မိနစ်တွင် နူနိုမန်ဒက်စ်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဂျူဗင်တပ် အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို ၃၉ မိနစ်တွင် ဘိုနူချီက သွင်းယူပေးခဲ့ခြင်းဖြစ် သည်။ ပီအက်စ်ဂျီ အသင်းသည် အီတလီမြေတွင် ဂျူဗင်တပ် အသင်းကို ခက်ခက်ခဲခဲကစားခဲ့ ရပြီး နိုင်ပွဲရရှိခဲ့သော်လည်း အုပ်စု ဒုတိယဖြင့်သာ နောက်တစ်ဆင့် သို့ တက်လှမ်းနိုင်ခဲ့သည်။

ပီအက်စ်ဂျီ အသင်းသည် အုပ်စု ပထမဖြင့် နောက်တစ်ဆင့် တက်လှမ်းရန် အခွင့်အရေးရရှိခဲ့ သော်လည်း ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက ချန်ပီယံ လိဂ် နောက်ဆုံးပွဲစဉ်အဖြစ် အစ္စရေးမြေတွင် မက်ကာဘီ ဟိုင်ဖာကို ဂိုးပြတ်အနိုင်ရရှိခဲ့ သောကြောင့် အုပ်စု ဒုတိယ ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဘင်ဖီကာအသင်းက ဂိုး ကွာခြားချက်တွင် ပီအက်စ်ဂျီ အသင်းကို အသာစီးရယူနိုင်ရန် သွင်းဂိုးများစွာ လိုအပ်ခဲ့ပြီး မက်ကာဘီဟိုင်ဖာနှင့်ပွဲစဉ်တွင်  အချိန်ပို ၉၂ မိနစ်၌ မာရီယို၏ အဝေးကန်ချက် သွင်းဂိုးဖြင့် အုပ်စု ဗိုလ်နေရာကို ရယူနိုင်ခဲ့ခြင်းဖြစ် သည်။ ဘင်ဖီကာနှင့် ပီအက်စ်ဂျီ အသင်းတို့သည် ထိပ်တိုက်တွေ့ ဆုံမှု နှစ်ကျော့စလုံးတွင်တစ်ဂိုး စီ သရေကျခဲ့သည့်အပြင် ဂိုး ကွာခြားချက် ရမှတ်ပါ တူညီ ထားမှုကြောင့် အဝေးဂိုး ပိုမို သွင်းယူနိုင်ခဲ့သည့် ဘင်ဖီကာ အသင်းက အုပ်စု ပထမနေရာ ဖြင့် နောက်တစ်ဆင့်သို့ တက် လှမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ 

သူရိန်






အခြားဆက်စပ်သတင်းများ