နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေစီမီလန်အသင်း နည်းပြ ပိုင်အိုလီကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရ

နိုဝင်ဘာ   ၂

အေစီမီလန် အသင်းသည် ယခုနှစ် ဘောလုံးရာသီကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် နည်းပြပိုင်အိုလီ ကို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ကုန်ထိ သက်တမ်းတိုးရန်သဘော တူညီမှုရရှိခဲ့ကြောင်း သိရသည်။

နည်းပြ ပိုင်အိုလီသည် အေစီမီလန်အသင်းကို ၂၀၁၉ ခုနှစ်က စတင်တာဝန်ယူခဲ့ပြီး နောက် အသင်းအား ပုံစံကောင်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းအတွက် ၁၀ နှစ်ကျော် ဝေးကွာနေသည့် စီးရီးအေချန်ပီယံ ဆုဖလားကို ရယူပေးနိုင်ခဲ့သည်။

ထို့ကြောင့် အသင်းတာဝန် ရှိသူများက ယင်း၏ စွမ်းဆောင် ရည်ကို နှစ်သက်သဘောကျ၍ နှစ်ရှည် စာချုပ်ချုပ်ဆိုရန် ဆွေး နွေးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ် သည်။

“အသင်းအနေနဲ့ လက်ရှိ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အသင်းနဲ့ နည်းပြ ပိုင်အိုလီတို့ ဆက်လက်လက်တွဲ ပြီး ဒီရည်မှန်းချက်ကို အကောင် အထည်ဖော်သွားရမှာပါ။ ရရှိ လာမယ့် အောင်မြင်မှုတွေက တော့ အသင်းရဲ့ သမိုင်းမှတ်တိုင် ပဲဖြစ်ပါတယ်”ဟု အေစီမီလန် အသင်း ဘုတ်အဖွဲ့က ပြောသည်။

အသက် ၅၇ နှစ်အရွယ်ရှိ နည်းပြ ပိုင်အိုလီသည် အေစီမီလန် အသင်းကို တာဝန်ယူကိုင်တွယ် ခဲ့သည့် ပြိုင်ပွဲစုံ ၁၅၃ ပွဲတွင် ၈၇ ပွဲ အနိုင်ရရှိအောင် စွမ်းဆောင် ထားနိုင်သူဖြစ်သည်။ 

သူရိန်






အခြားဆက်စပ်သတင်းများ