နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပေါ်တိုအသင်းကို ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ကန်ခွင့်ပါ လွဲချော်ခဲ့ရသည့် အေတီကို

နိုဝင်ဘာ   ၂

ချန်ပီယံလိဂ် အုပ်စု B ၏ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် အဖြစ် ပေါ်တိုအသင်းနှင့်အေတီ ကိုအသင်းတို့ ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ကစား ကြရာ ပေါ်တိုအသင်းက အေတီ ကိုအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပေါ်တိုအသင်း အတွက် အနိုင်ဂိုးများကို ပွဲချိန် ၅ မိနစ် တွင် တာရီမီနှင့် ၂၄ မိနစ်တွင် အူစတာကွီအိုတို့က သွင်းယူပေး ခဲ့ခြင်းဖြစ်ပြီး ၉၅ မိနစ်တွင် ပေါ်တိုခံစစ်ကစားသမား  မာကာ နို ကိုယ့်ဂိုးကိုယ်သွင်းယူမိရာမှ အေတီကိုအသင်း ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါရလဒ်ကြောင့် အေတီ ကိုအသင်းသည် ရမှတ် ၅ မှတ် ဖြင့် အုပ်စုနောက်ဆုံးနေရာတွင် ရပ်တည်ခဲ့ရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကာ ယူရို ပါလိဂ်သို့ ဆင်းကန်ခွင့်လည်း လွဲချော်ခဲ့ရသည်။

အေတီကို အသင်းသည် ပေါ်တိုအသင်းနှင့် ပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်လျှင် ယူရို ပါလိဂ် ကန်ရမည့်အခွင့်အရေး ရှိခဲ့သော်လည်း ပေါ်တိုအသင်း ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ယူရို ပါလိဂ်ပြိုင်ပွဲနှင့် လွဲချော်ခဲ့ရခြင်း ဖြစ်ကာ ရမှတ်တူ လေဗာ ကူဆင်အသင်းက ထိပ်တိုက် တွေ့ဆုံမှုအသာဖြင့် တတိယ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ပေါ်တိုအသင်းက ရမှတ် ၁၂ မှတ်ရရှိကာ အုပ်စုပထမနှင့် ဘရုဂျက်က ဒုတိယဖြင့် နောက် တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး လေဗာကူဆင်အသင်းက ယူရို ပါလိဂ်သို့ ဆင်းကန်ရမည်ဖြစ် သည်။ 

ချန်ပီယံလိဂ်အုပ်စု A တွင် နာပိုလီနှင့် လီဗာပူးအသင်းတို့ နောက်တစ်ဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီး အေဂျက်အသင်းက ယူရိုပါလိဂ်သို့ ဆင်းကန်ရမည် ဖြစ်ကာ အုပ်စု C တွင် ဘိုင်ယန်မြူးနစ်နှင့် အင်တာ မီလန်အသင်းတို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပြီး ဘာစီလိုနာ အသင်းက ယူရိုပါလိဂ်သို့ ဆင်း ကန်ရမည်ဖြစ်သည်။

ထို့ပြင် အုပ်စု D တွင် စပါးနှင့် ဖရန့်ဖတ်အသင်းတို့ နောက်တစ်ဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီး စပို့တင်းအသင်းက ယူရိုပါလိဂ်သို့ ဆင်းကန်ရမည် ဖြစ်သည်။            သူရိန်






အခြားဆက်စပ်သတင်းများ