နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခံစစ်ကစားသမား ဖရင်းပေါင်ကို ခေါ်ယူရန် မန်ယူအသင်း ကြိုးပမ်း

နိုဝင်ဘာ  ၁

လေဗာကူဆင် အသင်း၏ လူငယ် ခံစစ်ကစားသမား ဖရင်း ပေါင်ကို  လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ် ယူနိုင်ရန် မန်ယူအသင်း နည်းပြ တန်ဟက်က ကြိုးပမ်းနေကြောင်း သိရသည်။

မန်ယူအသင်း၏ ညာတောင်ပံ ခံစစ်ပိုင်းတွင် ကစားနေသည့် ဝမ်ဘစ်ဆာကာသည် နည်းပြ တန်ဟက်၏ ကစားကွက်နှင့် ကိုက်ညီမှုမရှိသဖြင့် ပွဲထွက်ခွင့် မရရှိဘဲ ခြေစွမ်းပိုင်း ကျဆင်း နေသောကြောင့် ဒါးလော့ကို သာ အသုံးပြုနေရပြီး အစားထိုး ရန် အရန်ကစားသမားမရှိသော ကြောင့် လေဗာကူဆင်အသင်း တွင် ခြေစွမ်းပြ ကစားနေသည့် ဖရင်းပေါင်ကိုခေါ်ယူရန် ကြိုးပမ်း နေခြင်းဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ လူငယ်ခံစစ်ကစားသမား ဖရင်း ပေါင်သည် ၂၀၂၁ ခုနှစ်က ဆဲလ် တစ်အသင်းမှ လေဗာကူဆင် အသင်းသို့ ပြောင်းရွှေ့ရောက်ရှိ ခဲ့ပြီးနောက် အသင်းတွင် အဓိက ပွဲထွက်ကစားသမားအဖြစ် ပါဝင် ခွင့်ရရှိခဲ့ကာ ယခုနှစ် ဘောလုံး ရာသီ အမှတ်ပေးပြိုင်ပွဲ ၁၁ ပွဲ တွင် သွင်းဂိုးငါးဂိုးနှင့် ချန်ပီယံ လိဂ်ပြိုင်ပွဲတွင်လည်း ဂိုးဖန်တီး မှုနှစ်ကြိမ် ပြုလုပ်နိုင်ခဲ့သော ကြောင့် မန်ယူအသင်းအပါအဝင် ဥရောပကလပ်အသင်း အများစု က စိတ်ဝင်စားနေခြင်းဖြစ်သည်။

သို့သော် လေဗာကူဆင် အသင်း တာဝန်ရှိသူများက အသင်း၏ အဓိက ကစားသမား များကို ရောင်းချရန် အစီအစဉ် မရှိဘဲ ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းနေခြင်းကြောင့် မန်ယူ အသင်းအနေဖြင့် ဖရင်းပေါင်ကို ခေါ်ယူရာတွင် ခက်ခဲဖွယ်ရှိနေ သည်။ 

သူရိန်






အခြားဆက်စပ်သတင်းများ