နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီး တိုက်စစ်မှူး ဟာလန်း ဆီဗီလာအသင်းနှင့်ပွဲစဉ် လွဲချော်မည်

နိုဝင်ဘာ   ၁

ဒေါ့မွန်အသင်းနှင့် သရေရလဒ် ထွက်ပေါ်ခဲ့သည့် ပွဲစဉ်တွင် ခြေဖဝါးဒဏ်ရာရရှိခဲ့သည့် မန်စီးတီး တိုက်စစ်မှူး ဟာလန်းအနေဖြင့် လာမည့် ဆီဗီလာအသင်းနှင့်ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုပြောကြားခဲ့သည်။

ဟာလန်းသည် ဒေါ့မွန်အသင်းနှင့်ပွဲစဉ် ပထမပိုင်းပွဲချိန်အတွင်း ခြေဖဝါးဒဏ်ရာရရှိခဲ့သဖြင့် လူစားလဲခဲ့ရပြီးနောက် ယင်း၏ ဒဏ်ရာ အခြေအနေမှာ အရွတ်ထိခိုက်မှုရှိနေသဖြင့် လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကစားရမည့် ဆီဗီလာအသင်းနှင့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်ကာ နိုဝင်ဘာ ၅ ရက်တွင် ဖူလ်ဟမ်အသင်းနှင့် ကစားရမည့် ပရီး မီးယားလိဂ် ပွဲစဉ်ကိုလည်း လွဲချော်နိုင်ဖွယ်ရှိသည်။

“ဟာလန်းရရှိခဲ့တဲ့ ဒဏ်ရာဟာ အရွတ်ထိခိုက်မှုရှိနေတာကြောင့် အနားယူဖို့ လိုအပ်ပါတယ်။ သူပြန်လာဖို့ ရက်သတ္တပတ်လောက် စောင့်ဆိုင်းရမှာပါ။ သေချာတာကတော့ ဆီဗီလာနဲ့ပွဲစဉ်ကို လွဲချော် မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဖူလ်ဟမ်အသင်းနဲ့ ပွဲစဉ်ကို ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါမှမဟုတ် ချဲလ်ဆီးနဲ့ ကစားမယ့် ကာရာဘောင်း ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်နိုင်မှာပါ” ဟု နည်းပြ ဂွါဒီယိုလာက ပြောသည်။

အသက် ၂၂ နှစ်အရွယ်ရှိ တိုက်စစ်မှူး ဟာလန်းသည် ယခုနှစ် ဘောလုံးရာသီတွင် ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ လာသူဖြစ်ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားထားကာ ၂၂ ဂိုး ထိသွင်းယူပြီး ခြေစွမ်းပြသနေသူဖြစ်သည်။

သူရိန်






အခြားဆက်စပ်သတင်းများ