နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုဘဏ္ဍာနှစ်တွင် ပြည်ပဈေးကွက်သစ်များသို့ ပြောင်းဖူးစေ့များ တိုးမြှင့်တင်ပို့လာနိုင်

ရန်ကုန် ဇွန် ၁၂


ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းမှထွက်ရှိသော ပြောင်းဖူးစေ့များကို ပြည်ပနိုင်ငံများသို့ တိုးမြှင့်တင်ပို့ လာနိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ပြည်ပဈေးကွက်သစ်များဖြစ်သောထိုင်း၊ဖိလစ်ပိုင်၊အိန္ဒိယ၊ဗီယက်နမ်နှင့်မလေးရှားစသည့်နိုင်ငံများသို့ ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ပြောင်းဖူးစေ့များကိုယခုဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့လာနိုင်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတစ်နိုင်ငံတည်းသို့ပြောင်းဖူးစေ့တန်ချိန် ၁ ဒသမ ၂ သန်းခန့်တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။


ယခင်က မြန်မာနိုင်ငံတစ်ဝန်းမှ စိုက်ပျိုးထွက်ရှိသော ပြောင်းဖူးစေ့များကို တရုတ်နိုင်ငံသို့သာ အဓိကထားတင်ပို့နေရပြီး မကြာခဏ ဈေးကွက်ပျက်ခြင်းများ၊ ဈေးနှိမ်ခံရခြင်းများ ကြုံတွေ့ရသဖြင့် အခြား ပြည်ပဈေးကွက်သစ်များ ကြိုးစားရှာဖွေကာ တင်ပို့ခဲ့ခြင်းဖြစ်သည်။


ထိုင်းနိုင်ငံအနေနှင့်လည်း ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြောင်းဖူးစေ့များ စုစုပေါင်းတန်ချိန် ၃ သန်းဝန်းကျင်အထိ ဝယ်ယူသွားရန် အစီအစဉ်ရှိကြောင်း၊ နှစ်စဉ် မြန်မာနိုင်ငံတွင် ပြောင်းဖူးစေ့များကို ပြည် တွင်းစားသုံးမှုထက်ပိုလျှံစွာထုတ်လုပ်နိုင်ပြီးအာဆီယံနိုင်ငံများထဲတွင်လည်း ပြောင်းဖူးစေ့ ဒုတိယအများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတစ်ဝန်းတွင်စုစုပေါင်းပြောင်းစိုက်ဧက ၁ ဒသမ ၉ သန်းခန့်ရှိပြီး ရှမ်းပြည်နယ်မြောက် ပိုင်းနှင့်တောင်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ဧရာဝတီတိုင်းဒေသကြီး၊နေပြည်တော်စသည့်နေရာ ဒေသများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။                                         


 ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ