နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မရမ်းကုန်းနှင့်လှိုင်သာယာတွင်စိတ်ကြွရှုးသွပ်ဆေးပြားများဖမ်းမိ

ရန်ကုန်  အောက်တိုဘာ    ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်နှင့်လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေး ပြားများနှင့်ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိကြောင်း ယမန်နေ့က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကတပ်ဖွဲ့၀င်များ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ အောက်တိုဘာ ၆ ရက်က မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ၈ မိုင်ကားမှတ်တိုင်အနီးတွင် လမ်းလျှောက်လာသူသူရအောင်(ခ)သူရနှင့်ဆည်းဆာထွန်း(ခ)ဆည်းဆာ တို့အား စစ်ဆေးရှာဖွေရာသူရအောင် (ခ) သူရထံက စိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၄ သိန်း)နှင့် လက်ကိုင် ဖုန်း တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်း ရမိသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ဒေါ်သန်းသန်းလွင်အား ၎င်းနေထိုင်သည့်      လှိုင်သာယာ (အနောက် ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်ရှိ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား ၅၈၀၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၅၈ သိန်း)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ထပ်မံ တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် သူရ အောင်(ခ)သူရ(၂၂ နှစ်)၊ ဆည်းဆာ ထွန်း(ခ)ဆည်းဆာ(၂၂ နှစ်)နှင့် ဒေါ်သန်းသန်းလွင် (၄၃ နှစ်)တို့ကို သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက် များဖော်ထုတ်လျက်ရှိကြောင်း  သိရ သည်။    

 AKO






အခြားဆက်စပ်သတင်းများ