နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်း မာတီနက်ဇ်ကို ခေါ်ယူရန် ကမ်းလှမ်းမှု အက်စတွန်ဗီလာအသင်း ငြင်းပယ်

အောက်တိုဘာ  ၄

မန်ယူအသင်းသည် အက် စတွန်ဗီလာအသင်းတွင် လက်စွမ်း ပြသနေသည့် ဂိုးသမား မာတီ နက်ဇ်ကိုခေါ်ယူရန် ကမ်းလှမ်းခဲ့ ရာ အက်စတွန်ဗီလာအသင်းက ငြင်းပယ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မန်ယူအသင်း ၏ ပထမဦးစားပေးဂိုးသမား ဒီဂီယာသည် လာမည့်နွေရာသီ တွင် အသင်းမှ ထွက်ခွာရန် သေချာနေပြီး အရန်ဂိုးသမား ဟန်ဒါဆင်မှာလည်း နော်တင် ဟမ်အသင်းသို့ အငှားစာချုပ် ဖြင့် စေလွှတ်ထားရသဖြင့် မန်ယူ အသင်း တာဝန်ရှိသူများက အက်စတွန်ဗီလာအသင်း ဂိုး သမား မာတီနက်ဇ်ကို လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ တွင် ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာ အက်စတွန်ဗီလာ အသင်းက ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၀ နှစ်အရွယ် ရှိ ဂိုးသမား မာတီနက်ဇ်သည် ၂၀၁၉ ခုနှစ်က အာဆင်နယ် အသင်းမှ အက်စတွန်ဗီလာ အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၇ သန်းဖြင့် ရောက်ရှိခဲ့ပြီးနောက် လက်စွမ်း ပြ ကစားနိုင်ခဲ့သဖြင့် အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိနေသူဖြစ်သည်။

ယင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အမှတ်ပေး ပြိုင်ပွဲတွင် ပင်နယ်တီကာကွယ် မှု နှစ်ကြိမ်ပြုလုပ်၍အသင်းကို ၁၁ ပွဲထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့် ဥရောပထိပ်သီး ကလပ်များ၏ စိတ်ဝင်စားမှုကိုခံခဲ့ရပြီး လက်ရှိ တွင် အသင်းက မာတီနက်ဇ်ကို စာချုပ်သက်တမ်းတိုး၍ ပြောင်းရွှေ့ ကြေး စတာလင်ပေါင် ၄၅ သန်း ထိ တိုးမြှင့်ရန်စီစဉ်လျက်ရှိသည်။

သူရိန်






အခြားဆက်စပ်သတင်းများ