နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘွန်ဒက်လီဂါ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းခေါင်းဆောင်အဖြစ် ဘယ်လင်ဟမ် မှတ်တမ်းဝင်

အောက်တိုဘာ  ၄

ဒေါ့မွန်အသင်း လူငယ်ကစား သမား ဘယ်လင်ဟမ်သည် ဒေါ့မွန် အသင်းနှင့် ကိုလုံးအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် အသင်း ခေါင်းဆောင်အဖြစ် ပွဲထွက် ပါဝင်ကစားခဲ့ပြီးနောက် ဂျာမန် ဘွန်ဒက် လီဂါ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်း ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင် ခဲ့ကြောင်း သိရသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဘယ်လင်ဟမ်သည် ၂၀၂၀ ပြည့်နှစ်က ဘာမင်ဂမ်အသင်းမှ ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် အသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့ကာ ဘောလုံးရာသီ တိုင်းတွင် အဓိက ကစားသမား အဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။

လက်ရှိ ဒေါ့မွန်အသင်းတွင် ပထမ အသင်းခေါင်းဆောင် အဖြစ် ကွင်းလယ်ကစားသမား မာကိုရူးစ်၊ ဒုတိယအသင်း ခေါင်းဆောင်အဖြစ် ဝါရင့်ခံစစ် ကစားသမား မက်ဟမ်မဲလ်နှင့် တတိယ အသင်းခေါင်းဆောင် အဖြစ် ဘယ်လင်ဟမ်တို့က တာဝန်ယူထား ပြီး မာကိုရူးစ်နှင့် မက်ဟမ်မဲလ်တို့အနေဖြင့် ဒဏ်ရာ ပြဿနာကြောင့် ပါဝင်နိုင်ခြင်း မရှိ သည့်အတွက် ဘယ်လင်ဟမ် က အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။         

 သူရိန်






အခြားဆက်စပ်သတင်းများ