နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငပလီကမ်းခြေတွင် ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် ဟိုတယ်များ တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်

ရန်ကုန်  အောက်တိုဘာ  ၄

ငပလီကမ်းခြေတွင် ယမန်နှစ် ပွင့်လင်းရာသီ၌ ခရီးသွားများ အထူးစည်ကားခဲ့ပြီး ယခုလာမည့် ပွင့်လင်းရာသီ နိုဝင်ဘာလဆန်း ပိုင်းတွင် ဆောင်းဦးပွဲတော်ကို ဖွင့်လှစ်သွားမည်ဖြစ်ရာ ခရီးသွား များ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် ယမန်နှစ်ထက် ဟိုတယ် များကို တိုးမြှင့်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ငပလီကမ်းခြေ၌ ပထမဆုံး ကျင်းပခဲ့သော ဆောင်းဦးပွဲတော်တွင် မီနီမာရသွန်ပွဲ၊ စက်ဘီး ပြိုင်ပွဲ၊ သဲသောင်ပြင်ပန်းပုပြပွဲ၊ သဲသောင်ပြင်  ဘော်လီဘောပြိုင်ပွဲ  နှင့် အခြားပျော်ပွဲရွှင်ပွဲများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်အတူ ဌာန   ဆိုင်ရာများပူးပေါင်းဖွင့်လှစ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြောင့် မွန်းကြပ် နေသော ပြည်သူများ အထူးစည်ကားစွာ လာရောက်အပန်းဖြေခဲ့ ၍ ဟိုတယ်များ ပြည့်ခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းများ ခရီး သွားလာမှု ပိုမိုပွင့်လန်းခဲ့သည်။

နိုဝင်ဘာလ ပွင့်လင်းရာသီ၌ ငပလီကမ်းခြေ အပန်းဖြေစခန်း တွင် ခရီးသွားများ ဝန်ဆောင်မှုပေးကြမည့် အဖွဲ့များကို ကမ်းခြေ သန့်ရှင်းရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကဏ္ဍများ ပိုမိုသိရှိနိုင်ရန် ဟောပြောပွဲနှင့် သင်တန်းပေး ခြင်းတို့ကို အောက်တိုဘာလ ပထမပတ်၌ ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းစီမံခန့်ခွဲမှုကော်မတီက လုပ်ဆောင်လျက်ရှိပြီး ယမန်နှစ် ကထက် ခရီးသွားများ စိတ်လက်ပေါ့ပါးစွာ အပန်းဖြေ အနားယူ နိုင်ရန် ဟိုတယ် ၇၉ လုံးထက် ထပ်မံတိုးမြှင့်ဖွင့်လှစ်ရန် ဟိုတယ် လုပ်ငန်းရှင်များ ပြင်ဆင်ဆောင်ရွက်ထားသည့်နည်းတူ လေကြောင်း လိုင်းများက လေယာဉ်လက်မှတ်များကို ကြိုတင်ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပင်လယ်ကမ်းခြေတို့၌ အပန်းဖြေနိုင်ရန် ဂွမြို့၊ ကမ်းသာယာကမ်းခြေတွင် ဟိုတယ်များ တည်ဆောက်ထားရှိပြီး ငပလီ၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့တွင်လည်း ဟိုတယ် များ အသင့်ပြင်ဆင်ထားရှိသည်။

ယမန်နှစ်က စတင်ဖွင့်လှစ်၍ သင်္ကြန်ကာလတွင် အထူးစည်ကား ခဲ့သော မာန်အောင်ကျွန်းတွင်လည်း အခန်း ၃၃ ခန်း ပါရှိသော အဆင့်မြင့်ဟိုတယ်တစ်လုံးနှင့် အခန်း ၂၄ ခန်းပါရှိသော အပန်းဖြေ စခန်းတစ်ခုကို ဖွင့်လှစ်ထားရာ ပွင့်လင်းရာသီ မာန်အောင်ကျွန်း တွင် အပန်းဖြေနိုင်ရန် ရေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုကို အထူးပြင်ဆင်ထားကြောင်းနှင့် နိုဝင်ဘာလ ငပလီဆောင်းဦးပွဲတော် တွင် ပြည်တွင်း/ပြည်ပခရီးသွားများ ပျော်ရွှင်ချမ်းမြေ့စွာ အပန်းဖြေ အနားယူနိုင်ရန် ဟိုတယ်များကို ယမန်နှစ်ထက် တိုးမြှင့်ဖွင့်လှစ် ရန် ပြင်ဆင်ထားကြောင်း သိရသည်။

သတင်း-ညိမ်းသူ၊ ဓာတ်ပုံ-ကနူး






အခြားဆက်စပ်သတင်းများ