နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်လင်းရာသီ သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး တိုက်တွန်းမှာကြား 

ရန်ကုန်  အောက်တိုဘာ  ၄

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ကော်မတီ ဝင်နှင့် ဌာနမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ် စဉ် ၂၄/၂၀၂၂ ကို ယနေ့ နံနက် ၉ နာရီက မြို့တော်ခန်းမ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ ၄ ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသ ကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများ နှင့် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ တက် ရောက်သည်။

အ စည်း အ ဝေး တွင် မြို့တော်ဝန်က "ယခုအခါ ပွင့် လင်းရာသီ ရောက်လာပြီဖြစ် သဖြင့် အဓိက လမ်းမကြီးများ၊ တံတားများ သန့်ရှင်းသာယာ သပ်ရပ်ရေး၊ နေအိမ်အဆောက် အဦ၊ ခြံဝင်းများ သစ်လွင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများအနက် အုတ်ရေ မြောင်းနှင့် Culvert တည် ဆောက်ခြင်း ဆောင်ရွက်ဆဲ လုပ်ငန်းများ အမြန်ပြီးပြတ် အောင် ဆောင်ရွက်ရန်နှင့် ပြည်သူ များ စားသုံးမှု ဖူလုံအဆင်ပြေ စေရေးအတွက် သားငါးနှင့် ဟင်းသီးဟင်းရွက်များ ထုတ်လုပ် ဖြန့်ဖြူးမှုကို ကြပ်မတ်ဆောင် ရွက်ပေးရန်"တို့ကို တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ကော်မတီဝင် များ၊ ဌာနမှူးများနှင့် ရန်ကုန် တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ဒုတိယညွှန်ကြားရေး မှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍ များအလိုက် ရှင်းလင်းတင်ပြ ကြရာ မြို့တော်ဝန်က လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

သတင်း-ကျော်သူထက်

ဓာတ်ပုံ-ဉာဏ်လင်းထက်






အခြားဆက်စပ်သတင်းများ