နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်  အောက်တိုဘာ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မြို့နယ်ပညာရေးဌာန ပညာရေးမှူးကဦးဆောင်၍ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ကမ္ဘာ့ဆရာများနေ့၊ မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကိုအောက်တိုဘာ ၃ ရက်နံနက် ၁၀ နာရီက၊ ကမာကဆစ်ရပ်ကွက်အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းရှိ ကုမုဒြာခန်းမဆောင်၌ ကျင်းပသည်။(ပုံ)

အဆိုပါ မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် အစီအစဉ်အရအခမ်း အနားကို ဖွင့်လှစ်ကြောင်းကြေညာပြီး မြို့နယ်ပညာရေးမှူး ဆရာမ ကြီးဒေါ်မြင့်မြင့်အေးက ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားလျက် ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများက မြတ်ဆရာတေး သီချင်းဖြင့် သီဆို ဂါရဝပြုကာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများ အား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံပစ္စည်း လက်ဆောင်များ လည်း ပေးအပ်ကြသည်။

ယင်းနောက် ပူဇော်ခံဆရာကြီး၊ ဆရာမကြီးများ၏ကိုယ်စား ဆရာကြီးဦးတင်ရွှေနှင့် ဆရာမကြီးဒေါ်မြင့်မြင့်ခင်တို့က ဂါရဝပြုပူဇော်ကန်တော့ကြခြင်းအတွက် ဆုတောင်း၊ သြဝါဒစကားများလည်း ပြောကြားခဲ့ကြောင်းသိရပြီး အပူဇော်ခံဆရာကြီး၊ ဆရာမကြီးသည် ဒလမြို့ရှိ အခြေခံပညာကျောင်းများက အငြိမ်းစား အသက်၇၀ နှစ်နှင့် အထက်ရှိသော ပညာရေးမှူးတစ်ဦး၊ အထက် တန်းကျောင်းအုပ်ငါးဦး၊ အလယ်တန်းကျောင်းအုပ်နှစ်ဦးနှင့် မူလတန်း ကျောင်းအုပ် ၁၀ ဦး စုစုပေါင်း ၁၈ ဦးတို့ကို အခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ပူဇော်ပွဲကျင်းပဆောင်ရွက်ကြခြင်းဖြစ်သည်။

 အံ့ကြီးမောင်(ဒလ)






အခြားဆက်စပ်သတင်းများ