နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပခုက္ကူမြို့၌ နိုင်ငံဝန်ထမ်း အငှားအိမ်ရာအဆောက်အဦတစ်လုံး တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး

ရန်ကုန် အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်၊ လေယာဉ်ကွင်း ဟောင်း၌ ရှစ်ခန်းတွဲ ငါးထပ်နိုင်ငံဝန်ထမ်းအငှား အိမ်ရာအဆောက် အဦတစ်လုံးတည်ဆောက်မှု လုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ခွင့်ပြုရန်ပုံငွေ ကျပ် ၉၈၉ သန်းဖြင့် ရှစ်ခန်းတွဲ ငါးထပ်နိုင်ငံဝန်ထမ်း အငှားအိမ်ရာ အဆောက်အဦတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီ ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်ပြီး တာဝန်ယူအကောင်အထည်ဖော် တည်ဆောက် လျက်ရှိရာ၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်အထိတည်ဆောက်မှု လုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါအဆောက် အဦ၏ အကျယ်အဝန်း မှာ စတုရန်ပေပေါင်း ၃၃၈၂၂ ပေရှိပြီး တစ်ထပ် အတွင်း၌ အခန်းပေါင်း ရှစ်ခန်းပါရှိသည့် ငါးထပ်အဆောက်အဦ တစ်လုံးဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့် ကိုက်ညီစွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မြို့ပြ နှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများနှင့် အတူ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မန်းဧရာဝတီဆောက်လုပ်ရေး ကုမ္ပဏီကတည်ဆောက်ရေး တာဝန်ခံ အင်ဂျင်နီယာ ဦးတိုးကိုကိုဟန် က ပြောသည်။

ဆလိုင်းကိုကီး(CN-034)






အခြားဆက်စပ်သတင်းများ