နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သီလဝါအထူးစီးပွားရေးဇုန် ကုမ္ပဏီအချို့ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ကာ ပြည်ပသို့ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့လာကြ

ရန်ကုန်၊  အောက်တိုဘာ ၄
ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူး စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာသော ကုမ္ပဏီအချို့က ပြည်တွင်းမှကုန် ကြမ်းပစ္စည်းများကို ကုန်ချော များထုတ်လုပ်ကာ ပြည်တွင်း သာမက ပြည်ပဈေးကွက်သို့လည်း တင်ပို့ရောင်းချခြင်းများ ဆောင် ရွက်လာကြကြောင်း သီလဝါအထူး စီးပွားရေးဇုန် ကော်မတီဥက္ကဋ္ဌ  ဦးရန်နိုင်ထွန်း၏ ပြောကြားချက် အရသိရသည်။
သီလဝါအထူး စီးပွားရေးဇုန် တွင်ပြီးခဲ့သည့် တစ်နှစ်ခွဲကျော် ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၅ သန်းခန့်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ အသစ်တစ်ခုအပြင် ရင်းနှီးမြှုပ်နှံ မှု တိုးမြှင့်ဆောင်ရွက်လာသော ကုမ္ပဏီ ၁၄ ခု ရှိပြီး စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၁၀ဝ ခန့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာ သည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်လာသော ကုမ္ပဏီများထဲတွင် ပြည်ပက တင်သွင်းရသော ကုန်ပစ္စည်း များကိုပြည်တွင်း၌ ထုတ်လုပ် လာသောကုမ္ပဏီများ၊ ပြည် တွင်းမှရရှိသော ကုန်ကြမ်း ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ် ကုန်များထုတ်လုပ်ကာ ပြည် တွင်းသာမက ပြည်ပဈေးကွက် သို့ တင်ပို့မှုများ ဆောင်ရွက်လာ သောကုမ္ပဏီများ ပါဝင်သော ကြောင့် ပြည်ပမှကုန်ပစ္စည်း တင်သွင်းရမှု လျှော့ချနိုင်ခြင်း၊ ပြည်ပပို့ကုန်များမှ နိုင်ငံခြား ဝင်ငွေရရှိခြင်း စသည့်အကျိုး ကျေးဇူးများ ရရှိလာကြောင်း သိရသည်။
"ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် တဲ့ ကုမ္ပဏီတွေထဲမှာ ပြည်ပက တင်သွင်းရတဲ့ ဘိလပ်မြေလို ကုန်ပစ္စည်းမျိုးကို ပြည်တွင်း မှာထုတ်လုပ်ပြီး ပြည်ပပြန် တင်ပို့ဖို့လုပ်နေတဲ့ ကုမ္ပဏီပါ တယ်။ နောက်ပြီးတော့ ဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုက လည်း ဆေးဝါးအမယ် သစ်တွေ ထပ်မံထုတ်လုပ်ပြီး ပြည်ပတင် ပို့ဖို့ ပြင်ဆင်ဆောင်ရွက် နေတယ်။ အဲဒါအပြင် ဒီနှစ်ထဲမှာတင်ပဲ ကုမ္ပဏီအချို့ကလည်း ပြည်တွင်း ကရတဲ့ သစ်သီးဝလံတွေ၊ အသီး အနှံတွေကို တန်ဖိုးမြှင့် ထုတ်ကုန် တွေထုတ်လုပ်ပြီး ပြည်ပကို တင်ပို့လာတာတွေရှိတယ်" ဟု သီလဝါအထူး စီးပွားရေးဇုန် ကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း က ပြောသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းမှာ ပြည်ထောင် စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန များက ၂၀၁၄ ခုနှစ် မြန်မာအထူး စီးပွားရေးဇုန် ဥပဒေအတိုင်း စက်မှုဇုန်တွင် လာရောက်ရင်းနှီး မြှုပ်နှံသော ကုမ္ပဏီများအတွက် အပြည့်အဝ စီစဉ်ဆောင်ရွက်ပေး သည့်အပြင် စက်မှုဇုန်၏လုံခြုံ ရေးကိစ္စရပ်များကိုလည်း အထူး အလေးထား ဆောင်ရွက်ပေးနေ ခြင်းကြောင့်ဖြစ်ကြောင်း ဦးရန် နိုင်ထွန်းက ပြောသည်။ သက်ဆိုင် ရာလုံခြုံရေးအဖွဲ့များ၏ ဂရု တစိုက် ကြပ်မတ်ဆောင်ရွက်မှု များကြောင့် သီလဝါအထူးစီးပွား ရေးဇုန်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး ယခု အချိန်အထိ လုံခြုံရေးကျိုးပေါက် မှုဖြစ်စဉ် မရှိသေးကြောင်း၊ ထိုသို့ လုံခြုံရေး ကောင်းမွန်ပြီး စနစ်တကျဖွံ့ဖြိုး တိုးတက်မှု များကြောင့် နောက်ထပ်ပြည်ပ ကုမ္ပဏီအချို့ကလည်း သီလဝါ အထူးစီးပွားရေးဇုန်တွင် လာ ရောက်ရင်းနှီးမြှုပ်နှံရန် စုံစမ်းမှု များပြုလုပ်လာကြကြောင်း သိရ သည်။                 

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ