နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူဦးရေ ၄၀၀ ဆံ့ အမျိုးသမီးအဆောင် တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး

မကွေး၊ အောက်တိုဘာ ၄
မကွေးတက္ကသိုလ်ဝင်းအတွင်း ရပ်ဝေးမှ ကျောင်းသူများ ထားရှိ နိုင်စေရန်အတွက် လူဦးရေ ၄၀၀ ဆံ့ အမျိုးသမီးအဆောင် ဆောက်လုပ် လျက်ရှိရာ ယခုအခါ လုပ်ငန်းများ အားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း မကွေးအောင်မင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာဦးအောင် ဝင်းခန့်၏ ပြောကြားချက်အရ သိရ သည်။
လက်ရှိတွင် လုပ်ငန်းများအားလုံး ၏ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ၍ အောက်တိုဘာလကုန်တွင် အပြီး တည်ဆောက်ကာ မကွေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့သို့ အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
"ဒီအမျိုးသမီးအဆောင် အဆောက် အအုံက "စီ"ပုံစံ လေးထပ်ဆောင် RC အဆောက်အအုံဖြစ်ပြီးတော့ အလယ်မှာ ထမင်းစားဆောင် ဆောက်လုပ်ထားပါတယ်။ အဆောက် အအုံတစ်ခုလုံး စနစ်တကျ ဆောက် လုပ်ထားပြီးတော့ ရေလိုင်း၊မီးလိုင်း တွေလည်း အပြည့်အစုံ သွယ်တန်း တပ်ဆင်ထားပါတယ်။ အခု လုပ်ငန်း တစ်ခုလုံးရဲ့ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး နေပါပြီ။ ဒီ အောက်တိုဘာလကုန်မှာ အပြီး တည်ဆောက်ပြီး အပ်နှံသွားမှာ ပါ"ဟု မကွေးအောင်မင်း ဆောက်လုပ် ရေးကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဝင်းခန့်က ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင် ကာ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၆၃၈၉ သိန်းဖြင့် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းအဆောက်အအုံတွင် လာမည့် ပညာသင်နှစ်မှစ၍ အဆောင် နေ ကျောင်းသူများကို စတင်နေထိုင် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆောင်းဦး






အခြားဆက်စပ်သတင်းများ