နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူပေါင်းရာကျော် သေဆုံးခဲ့သည့် အင်ဒိုနီးရှား အားကစားကွင်း အဓိကရုဏ်း တာဝန်ရှိသူများကို အရေးယူရန် အမိန့်ထုတ် ဂျာကာတာ

အောက်တိုဘာ ၄
အင်ဒိုနီးရှားတွင် ဘောလုံးကွင်း အတွင်း အဓိကရုဏ်းဖြစ်နေသည့် လူအုပ်ကြီးထံ ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးများနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့်လူ ပေါင်း ၁၂၅ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် အပေါ် တာဝန်ရှိသူများကို အရေးယူမည် ဖြစ်သည်။
ယင်းအဖြစ်အပျက်နှင့် ပတ်သက် ပြီးတာဝန်ရှိသူ မည်သူကိုမဆို စုံစမ်း ဖော်ထုတ်အရေးယူရန် အင်ဒိုနီးရှား အစိုးရက အောက်တိုဘာ ၃ ရက်တွင် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အောက်တိုဘာ ၁ ရက်ညပိုင်းကဖြစ် ပွားခဲ့သည့် ဘောလုံးကွင်းအဓိကရုဏ်း တွင် ရဲတပ်ဖွဲ့ဝင်များသည် ကွင်းထဲကို ကျူးကျော်ဝင်ရောက်လာသည့် ပရိ သတ်များကိုနှိမ်နင်းရန် မျက်ရည်ယို ဗုံးများနှင့် ပစ်ခတ်ခဲ့ခြင်းကြောင့်လူ ပေါင်း ၁၂၅ ဦး သေဆုံးကာ ၃၂၃ ဦး ဒဏ်ရာရခဲ့သည်။
အဆိုပါ ဘောလုံးပွဲဖြစ်စဉ်တွင် နှစ်ဖက်အသင်း အားပေးနေသည့် ပရိသတ်များအနက် ရှုံးနိမ့်သွားသည့် အသင်းဘက်မှ ပရိသတ်ထောင်ပေါင်း များစွာက ပုလင်းများ နှင့်ပစ်ပေါက်ကာ ကွင်းထဲကို အတင်းဝင်ရောက်လာခြင်း ဖြစ်ပြီး ယင်းကိုရဲများက ဖြိုခွင်းရန် မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ်ခြင်း ကြောင့် ဘောလုံးပွဲပရိသတ်များသည် ဘေးလွတ်ရာကို ထွက်ပြေးရာမှ တစ်ဦး နှင့်တစ်ဦး နင်းမိကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိတွင် အစိုးရအဖွဲ့က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ရန် တပ်ဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း သိရသည်။
ရဲခေါင် (ref: CNA)






အခြားဆက်စပ်သတင်းများ