နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်တွင် လေအေးများကြောင့် နှင်းကျကာ အပူချိန် ၃ ဒီဂရီအောက်ထိ ကျဆင်း ရှင်ကျန်း၊

အောက်တိုဘာ ၄
 တရုတ်နိုင်ငံ အနောက်မြောက် ပိုင်းရှိ ရှင်ကျန်းပြည်နယ်၊ ဝီဂါကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မကြာသေး မီက လေအေးများကြောင့် ယခုသီတင်း ပတ်တွင် နှင်းများကျဆင်းကာ အပူချိန် ၃ ဒီဂရီမှ ၅ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းနေသည်။
ရှင်ကျန်းပြည်နယ် အူရမ်ကီမြို့ တွင်မူ အောက်တိုဘာလ အစောပိုင်း အတွင်းနှင်းကျခြင်းကြောင့် ဒေသ အပူချိန်သည် သုညဒီဂရီစင်တီဂရိတ် အောက်ထိ သိသာစွာကျဆင်းလျက် ရှိကြောင်း ဒေသအာဏာပိုင်များက ပြောသည်။
ဆီးနှင်းများ ကျဆင်းခြင်းကြောင့် မာနတ်စ်မြို့၏ တောင်ဘက်တောင် တန်းဧရိယာကို နှင်းထု ၇ စင်တီမီတာ ဝန်းကျင်အထိ ဖုံးလွှမ်းသွားပြီး ဒေသ တွင်းမြက်ခင်းပြင်တွင်လည်း နှင်းများ ဖုံးလွှမ်းနေကာ ဒေသခံများအနေဖြင့် အအေးဒဏ်ကို ကာကွယ်ရန် ခက်ခဲစွာ ကြိုးပမ်းနေရသည်။
တရုတ်တွင် ယခုနှစ် ဆီးနှင်းကျခြင်း သည် ယခင်နှစ်များထက်စောနေခြင်း ဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက ရာသီဥတု အတက်အကျ၏ သက်ရောက် မှုကို လျှော့ချရန် နည်းလမ်းရှာဖွေလျက် ရှိသည်။      

ရဲခေါင် (ref: Bloomberg)






အခြားဆက်စပ်သတင်းများ