နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေမှတစ်ဆင့် ကူးစက်ရောဂါများ ပြန့်ပွား ပါကစ္စတန်ဆေးရုံ၌ လူနာများပြည့်နေ အစ္စလာမ်မာဘတ်

 အောက်တိုဘာ ၄
ပါကစ္စတန်တွင် ဆယ်စုနှစ်များအတွင်း နိုင်ငံ၏ အဆိုးရွားဆုံးရေကြီး မှုဖြစ်ပွားပြီးနောက် ရေကြီးမှု၏ နောက်ဆက်တွဲဖြစ်သည့် ငှက်ဖျားရောဂါနှင့် အခြားဖျားနာမှုများကြောင့် ရာနှင့်ချီသော လူများသည် ဆေးရုံ၏ အခန်းများနှင့် စင်္ကြံလျှောက် လမ်းများတွင်ပါ ပြည့်ကျပ်နေပြီး ကုသမှုခံယူရန် စောင့်ဆိုင်းနေကြ သည်။
နေ့စဉ်ခန့်မှန်းခြေ လူနာ ၃၀၀ မှ ၄၀၀ ဦးထိ ဆေးရုံသို့ ရောက်ရှိလာပြီး အများစုသည် ကလေးငယ်များဖြစ်ကာ ငှက်ဖျားနှင့် ဝမ်းပျက်ရောဂါများကြောင့် လာရောက်သူများကြောင်း ဒေါက်တာအာမတ်က ပြောသည်။ လက်ရှိတွင် ဆောင်းရာသီဝင်ချိန်နီးပြီဖြစ်၍ အဆိုပါလူနာများထံ အခြားရောဂါများပါ ထပ်မံကူးစက်သွားမည်ကို စိုးရိမ်ရကြောင်း၊ ယခုအခါထောင်ပေါင်းများစွာသော ပါကစ္စတန်ပြည်သူများသည် အိုးအိမ်စွန့်ခွာပြေးလာရပြီး အစိုးရစီစဉ်ပေးထား သည့်ယာယီစခန်းများတွင် နေထိုင်ကြရကာ အရေပြားနှင့် မျက်စိပိုးဝင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားရောဂါ၊ တိုက်ဖွိုက်နှင့် သွေးလွန်တုပ်ကွေးရောဂါ များလည်း ပျံ့နှံ့ဖြစ်ပွားနေကြောင်း သိရသည်။
ပါကစ္စတန်၌ ရေကြီးမှုကြောင့် သေဆုံးသူထောင်ကျော်အနက် ၃၄၀ ကျော် သည်ရေကြီးမှုနောက်ဆက်တွဲ ရောဂါများကြောင့်ဖြစ်ပြီး ဆစ်ခ်ပြည်နယ်တွင် ဇူလိုင်လကစပြီး ငှက်ဖျားရောဂါဖြစ်ပွားမှု ၁၇,၂၈၅ ခု ရှိနေကြောင်း အတည်ပြု ထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း နိုင်ငံတစ်ဝန်း (အထူးသဖြင့် ဆစ်ခ်) တွင်ပြန့်ပွားလာမည့် ရေမှတစ်ဆင့် ကူးစက်သောရောဂါများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။         

ရဲခေါင် (ref :Reuters)






အခြားဆက်စပ်သတင်းများ