နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွားနို့တိုက်ကျွေးရေး အခမ်းအနားကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနက ကမ္ဘာ့ကျောင်းများ နို့ တိုက်ကျွေးရေး အထိမ်းအမှတ် အဖြစ် နွားနို့တိုက်ကျွေးရေး အခမ်းအနားကို ယမန်နေ့က လယ်ဝေးမြို့၊ အမှတ် ၃ အခြေခံ ပညာအထက်တန်းကျောင်း (သပြေပင်)နှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲ (စံဝါ အောင်း)၌ ကျင်းပသည်။ (ပုံ)
လယ်ဝေးမြို့နယ် အ.ထ.က ၂ ရှိ ကျောင်းသား၊ ကျောင်းသူ ၃၈၀ ဦး၊ အ.ထ.က ၁ တွင် ကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး၊ အ.ထ.က ၃ သပြေပင်နှင့် အ.ထ.က (ခွဲ) စံဝါအောင် ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၆၅၀ ဦးတို့ကို နွားနို့ တိုက်ကျွေးနိုင်ခဲ့ကြောင်း သိရ သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ရေးအတွက် နေပြည် တော်ကောင်စီက လှူဒါန်းသော Mask များ ပေးဝေကြကြောင်း သိရသည်။      
    အောင်ကျော်ဦး






အခြားဆက်စပ်သတင်းများ