နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းမပြုဟု ချားလ်စ်ဘုရင်ပြော

လန်ဒန်၊ အောက်တိုဘာ ၄
ဗြိတိန်၏ တတိယမြောက်ချားလ်စ် ဘုရင်မင်းမြတ်သည် လာမည့်လတွင် အီဂျစ်၌ကျင်းပမည့် နိုင်ငံတကာ ရာသီ ဥတုပြောင်းလဲ မှုဆိုင်ရာ ထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည်မဟုတ် ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ် လစ်ထရပ်စ် နှင့်ချားလ်စ်ဘုရင်တို့ ဘက်ကင်ဟမ် နန်းတော်၌ တွေ့ဆုံစဉ် ဝန်ကြီးချုပ်က အဆိုပါ ထိပ်သီးအစည်းအဝေးပွဲသို့ ချားလ်စ်ဘုရင် တက်ရောက်မည့်အစီ အစဉ်ကို ကန့်ကွက်ပြီးနောက် ယင်းဆုံး ဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သို့ရာတွင် ဝန်ကြီးချုပ်အဖွဲ့၏အဖွဲ့ ဝင်တစ်ဦးကမူ အဆိုပါဆုံးဖြတ်ချက် သည် အစိုးရနှင့် နန်းတော် နှစ်ဖက်စလုံး ကသဘောတူညီခဲ့ခြင်းဖြစ်ပြီး ဝန်ကြီး ချုပ်၏ ကန့်ကွက်ချက် တစ်ခုတည်း ကြောင့် မဟုတ်ကြောင်း ဆိုသည်။
ဗြိတိန်ဘုရင်စနစ်အတွက် ချမှတ် ထားသည့် စည်းမျဉ်းများအရ ဘုရင် သည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိဘဲ လုပ်ထုံးလုပ်နည်းအရ တော်ဝင် မိသားစုဝင်များ ပြည်ပသို့သွားရောက် လည်ပတ်သည့်ခရီးစဉ် အားလုံးကို လည်း အစိုးရ၏ အကြံပေးချက်များနှင့် အညီ ဆောင်ရွက်ရကြောင်း သိရသည်။
ချားလ်စ်ဘုရင်သည် ယခင်နှစ်က စကော့တလန်နိုင်ငံ၊ ဂလပ်စ်ဂိုမြို့တွင် ကျင်းပခဲ့သော COP26  ရာသီဥတုဆိုင် ရာ ထိပ်သီးအစည်းအဝေးပွဲသို့ တက် ရောက်ခဲ့သော်လည်း လက်ရှိတွင် ဘုရင် ဖြစ်လာသောကြောင့် အများပြည်သူ ဆိုင်ရာ ကိစ္စရပ်များကို ထုတ်ဖော်ပြော ဆိုခွင့်နည်းပါးကြောင်း နန်းတော်က ထုတ်ပြန်သည်။         
 ရဲခေါင် (ref: AP)






အခြားဆက်စပ်သတင်းများ