နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ပင်လယ်ပြင်တွင် မီတာ ၂၀၀ အောက်ရှိ ငါး၊ ပုစွန်ဖမ်းဆီးမှု ရုရှားနိုင်ငံနှင့် နည်းပညာပူးပေါင်းလုပ်ဆောင်မည်

ရန်ကုန်၊ အောက်တိုဘာ ၄

မြန်မာ့ပင်လယ်ပြင်တွင် ပုစွန်ဖမ်းဆီးခြင်းကို ရုရှားနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါပူးပေါင်းဆောင်ရွက်ခြင်း ကို ရုရှားနိုင်ငံမှ သင်္ဘော ၁၆ စင်းနှင့် မြန်မာ့ပင်လယ်ပြင်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံ က သိရသည်။
အဆိုပါအစီအစဉ်တွင် မြန်မာ့ပင်လယ်ပြင်ရှိ ငါး၊ ပုစွန် ဖမ်းဆီး နိုင်ရန် ကူညီထောက်ပံ့မှုများအပြင်၊ ငါးသယံဇာတတည်ရှိမှုကို သုတေသနပြုမည့်ကဏ္ဍနှင့် အခြားကဏ္ဍများတွင် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။
"လက်မှတ်ရေးထိုးပြီးပြီမို့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် တာတွေကို မကြာမီအကောင်အထည်ဖော်သွားမှာပါ။ မြန်မာ့                   ရေသယံဇာတဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနဲ့ ရုရှားနှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာပါ"ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရေအောက် မီတာ ၂၀၀ ရှိ ငါး၊ ပုစွန်များကို ဖမ်းဆီးနိုင်သည့် နည်းပညာများကို ရုရှားနိုင်ငံတွင်ဆွေးနွေးခဲ့ပြီး မကြာမီကာလ၌ ရုရှားက သင်္ဘော ၁၆ စင်း ရောက်ရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ ငါးဖမ်းဆီးမှု အများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံသည် ငါးဖမ်းဆီးမှု အဆင့် ၁၀ တွင် ရှိကြောင်း သို့သော်လည်း စက်ပစ္စည်းကိရိယာနှင့် နည်းပညာလိုအပ်ချက်များကြောင့် ပင်လယ်ပြင်အောက် မီတာ ၁၀၀ အကွာအဝေးရှိ ငါး၊ ပုစွန်များကို လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိ ကြောင်း၊ ယခု ရုရှားနိုင်ငံ၏ အထောက်အပံ့ဖြင့် ပင်လယ်ပြင် မီတာ ၂၀၀ အောက်ရှိ ငါး၊ ပုစွန်များကိုပါ ဖမ်းနိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။
အောင်မြင့်ဌေး






အခြားဆက်စပ်သတင်းများ