နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကြမ်းဖက်မှုများ ရပ်တန့်ရန် သမ္မတပူတင်ကို ပုပ်ရဟန်းမင်းကြီး မေတ္တာရပ်ခံ

ဗာတီကန်စီးတီး၊ အောက်တိုဘာ ၃

အကြမ်းဖက်မှုများကို ရပ်တန့် ရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရုရှားသမ္မတပူတင်ကို မေတ္တာရပ်ခံ လိုက်ပြီး အဓိပ္ပာယ်မဲ့ နျူကလီယား စစ်အန္တရာယ်ကို ရှုတ်ချ ပြောဆိုလိုက် သည်။

စစ်ပွဲသည် အမှားများ ဖြစ်ပေါ်စေပြီး ထိတ်လန့် တုန်လှုပ်စရာ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ရှိ စိန့်ပီတာရင်ပြင်တွင် အောက်တိုဘာ ၂ ရက်က ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုလများအတွင်း စစ်ပွဲများကြောင့် စိတ်ပင်ပန်း ဆင်းရဲရကြောင်း ပုပ်ရဟန်း မင်းကြီးက ဆိုသည်။

အထူးသဖြင့် ကလေးများ အထိ အခိုက်များခြင်းကို ပုပ်ရဟန်းမင်းကြီး က အလေးပေးပြောသွားပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာဇာလန်စကီးကိုလည်း ဗာတီကန်နန်းတော်မှ လေးနက်စွာကမ်း လှမ်းလာသည့် ငြိမ်းချမ်းရေး အဆိုပြု ချက်များကို စဉ်းစားရန်လည်း တိုက် တွန်းလျက်ရှိသည်။

လက်ရှိတွင် ဒွန်းတက်စ်ဒေသရှိ Lyman မြို့က ဆုတ်ခွာသွားသည့် ရုရှား တပ်များသည် အကျအဆုံးများပုံရ ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ဖော် ရေးသားထားသည်။ 

ရဲခေါင် (ref:AP)






အခြားဆက်စပ်သတင်းများ