နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ချက်စတာဒါဘီတွင် ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့သည့် မန်စီးတီး

အောက်တိုဘာ  ၃

ပရီးမီးယားလိဂ်ပွဲစဉ် ၉ ၏ ပွဲစဉ် တစ်ပွဲအဖြစ် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ ယမန်နေ့ ညပိုင်းက အီတီဟက်ခ်ကွင်း၌ ယှဉ်ပြိုင်ကစားကြ ရာ အိမ်ရှင် မန်စီးတီးအသင်းက မန်ယူ အသင်းကို ခြောက်ဂိုး၊ သုံးဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး နည်းပြ ဂွါဒီယိုလာ၏ မန်စီးတီးအသင်းက ပွဲကို စိုးမိုးနိုင်ခဲ့ကာ ဂိုးပြတ်နိုင်ပွဲ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းက ပွဲချိန် ၈ မိနစ်၊ ၄၄ မိနစ်၊ ၇၃ မိနစ်တွင် ဖိုဒန်နှင့် ၃၄ မိနစ်၊ ၃၇ မိနစ်၊ ၆၄ မိနစ်တွင် ဟာလန်း တို့၏ ဟက်ထရစ်သွင်းဂိုးများဖြင့် နိုင်ပွဲ ရရှိခဲ့ပြီး မန်ယူအသင်းအတွက် ချေပဂိုး များကို ၅၆ မိနစ်တွင် အန်တိုနီနှင့် ၈၄၊ ၉၁ မိနစ်တွင် မာစီယယ်တို့က သွင်းယူပေးခဲ့သည်။

မန်စီးတီးအသင်း၏ တိုက်စစ်က အကောင်းဆုံးပုံစံတွင်ရှိနေခဲ့ပြီး မန်ယူ အသင်းခံစစ်ကို မကြာခဏ ဒုက္ခပေးနိုင် ခဲ့ကာ ဂိုးကန်သွင်းခွင့်လည်း အများ အပြား ဖန်တီးနိုင်ခဲ့သည်။ ဂိုးပြတ် ရှုံးနိမ့်နေသော်လည်း ချေပဂိုး သုံးဂိုးထိ ပြန်လည် သွင်းယူနိုင်ခဲ့သည့် မန်ယူ အသင်း၏ စိတ်ဓာတ်ပိုင်းကလည်း ချီးကျူးစရာကောင်းခဲ့သည်။

မန်ယူအသင်းက မန်စီးတီးအသင်း ကို သတ္တိရှိရှိ ရင်ဆိုင်ကစားရန် ကြိုးစား ခဲ့ရာမှ ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး မန်စီးတီးအသင်းက ပွဲကို ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူဖြင့် ကစားခဲ့ကာ အခွင့် အရေးများ ဖန်တီးနိုင်ခဲ့ပြီး ဟာလန်း အတွက် တတိယအကြိမ်မြောက် ဟက်ထရစ်ကိုလည်း ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖိုဒန်မှာလည်း အသင်း အတွက် ပြိုင်ပွဲစုံ ဂိုး ၅၀ ပြည့်မြောက်ခဲ့ ပြီး မန်စီးတီးကစားသမားဘဝ ပထမ ဆုံး ဟက်ထရစ်ကိုလည်း သွင်းယူနိုင်ခဲ့ သည်။

မန်ယူအသင်းသည် ပရီးမီးယား လိဂ် နိုင်ပွဲဆက်နေမှု ရပ်တန့်ခဲ့ရပြီး ရမှတ် ၁၂ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်နေကာ မန်စီးတီးအသင်းက ရမှတ် ၂၀ ဖြင့် အဆင့် ၂ နေရာ          တွင် ရပ်တည်လျက်ရှိပြီး အာဆင်နယ် အသင်းကို ဆက်လက်ဖိအားပေးလျက် ရှိသည်။                                    သူရိန်






အခြားဆက်စပ်သတင်းများ