နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အက်ဖ်အေက အဲဗာတန်အသင်းကို စတာလင်ပေါင် ၃၀၀,၀၀၀ ပြစ်ဒဏ်ချမှတ်

အောက်တိုဘာ  ၃

ပြီးခဲ့သည့် ဘောလုံးရာသီက ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားခဲ့ သည့် အဲဗာတန်အသင်းနှင့် ခရစ္စတယ် ပဲလေ့စ် အသင်းတို့ ပွဲစဉ်အပြီးတွင် အဲဗာတန်အသင်း ပရိသတ်များ ကွင်း အတွင်း ဝင်ရောက်၍ မီးရှူးမီးပန်း ပစ်ဖောက်ခြင်းနှင့် ရုန်းရင်းဆန်ခတ်မှု များ ဖြစ်ပွားခဲ့သောကြောင့် အက်ဖ်အေ က အဲဗာတန်အသင်းကို စွဲချက်တင်ခဲ့ ပြီး စတာလင်ပေါင် ၃၀၀,၀၀၀ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် အဲဗာတန်အသင်း က ပဲလေ့စ်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဲဗာတန်အသင်းသည် ပရီးမီးယားလိဂ်တွင် ဆက်လက်ကစား ရမည့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့သော ကြောင့် ပွဲပြီးဆုံးချိန်တွင် ပရိသတ်များ က ကွင်းအတွင်း ကျူးကျော်ဝင်ရောက် ၍ မီးရှူးမီးပန်းများ ပစ်ပေါက် အောင်ပွဲ ခံမှုနှင့် ပဲလေ့စ်အသင်း နည်းပြ ဗီအဲရာ နှင့် အဲဗာတန်ပရိသတ် တစ်ဦး မတော် တဆ တွန်းတိုက်မိသည့် ဖြစ်စဉ်တို့ ကြောင့် အဲဗာတန်အသင်းကို အက်ဖ်အေ က စွဲချက်တင်ခဲ့ပြီး ယခုအခါတွင် စတာလင်ပေါင် ၃၀၀,၀၀၀ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဲဗာတန်အသင်း ပရိသတ်များ အနေဖြင့် ကွင်းလုံးပြည့် ဝင်ရောက်ခဲ့ ပြီး မီးရှူးမီးပန်းများ ပစ်ဖောက်ကာ အကြမ်းဖက်သည့် ပုံစံမျိုး လုပ်ဆောင်ခဲ့ ကြောင်း၊ နည်းပြ ဗီအဲရာနှင့် အဲဗာတန် အသင်း ပရိသတ်တစ်ဦး ခိုက်ရန် ဖြစ်ပွားခဲ့ကြောင်း၊ ထို့ကြောင့် အဖွဲ့ချုပ် အနေဖြင့် ယခုကဲ့သို့ အပြုအမူကို ရှုတ်ချပြီး အဲဗာတန်အသင်းကို စွဲချက် တင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ပရိသတ်များကို ထိန်းသိမ်းမှု အားနည်း ခဲ့သည့် အဲဗာတန်အသင်းကို စတာလင် ပေါင် ၃၀၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခဲ့ ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေညာ ခဲ့သည်။                                   သူရိန်






အခြားဆက်စပ်သတင်းများ