နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်မွေးတိရစ္ဆာန်နှင့် ဗိုင်းရပ်စ်အန္တရာယ်

တိုးတက်လာသော လူနေမှုစနစ်နှင့်အညီ နေအိမ်များ၌ အိမ်မွေးတိရစ္ဆာန်များမွေးမြူလာကြသည်။ မွေးမြူကြသည့် တိရစ္ဆာန်များမှာ ခွေး၊ ကြောင်နှင့် ကျေးငှက်တို့ဖြစ်ကြသည်။ အထူးသဖြင့် အလှမွေးခွေးအမျိုးမျိုးမွေးမြူကြရာတွင် သတိပြုဖို့လိုပါသည်။ ခွေးများတွင် အဓိကအားဖြင့် ခွေးရူးပြန် ရောဂါဖြစ်ပွားတတ်သည်။

ခွေးရူးပြန်ရောဂါသည် ခွေးများတွင်သာမက ကြောင်များ နှင့်အသားစားသတ္တဝါများတွင် ဖြစ်ပွားတတ်ကြောင်း သိရ သည်။ ရောဂါဖြစ်ပွားနေသော ခွေး၊ ကြောင်အစရှိသည့် အိမ် မွေးတိရစ္ဆာန်များ လူကိုအကိုက်ခံ၊ အကုတ်ခံရပါက ယင်းတို့ တွင်ရှိသော ဗိုင်းရပ်စ်ပိုးများ လူ့ခန္ဓာကိုယ်အတွင်းဝင်ရောက်      ခြင်းကြောင့်ဖြစ်ပွားရသောရောဂါဖြစ်ပြီး၊ ရောဂါဖြစ်ပွားပါက အသက်ဆုံးရှုံးနိုင်သည်။ သို့သော် အချိန်မီကာကွယ်ဆေးထိုး ခြင်းဖြင့်  ခွေးရူးပြန်ရောဂါဖြစ်ပွားမှုအား ကာကွယ်နိုင်ပါ သည်။

အကယ်၍   ခွေးကိုက်ခံရပါက  ဒဏ်ရာကိုချက်ချင်း ဆပ်ပြာသုံး၍ ရေနိုင်နိုင်သုံးကာ အနည်းဆုံး ၁၅ မိနစ် ကြာအောင် ပွတ်သပ်ဆေးကြောရပါမည်။ ရောဂါမဖြစ်ပွားမီ အချိန်မီ   ကာကွယ်ဆေးထိုးနှံခြင်းဖြင့်  ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်သည်။ ခွေး ကိုက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနနှင့် အမြန်ဆုံး ဆက်သွယ်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်တကျကုသ သင့်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထား သည်။ 

အိမ်မွေးတိရစ္ဆာန်မွေးမြူသူတိုင်း သတိပြုရမည့်အချက် မှာ တိရစ္ဆာန်များနှင့် အရောတဝင်မပြုလုပ်ရန်နှင့် အရော တဝင်ပြုမိပါက   အမှတ်မထင်လူကိုကိုက်တတ်ကြောင်း တိရစ္ဆာန်ဆရာဝန်များက အသိပေးထားသည်။

မကြာခဏခရီးသွားသူများ၊ ဈေးလှည့်လည်ရောင်းသူ များ၊ လမ်းပေါ်တွင် အလုပ်လုပ်နေကြသည့် စည်ပင်ဝန်ထမ်း များ၊ ခွေးရူးပြန်ရောဂါနှင့်ပတ်သက်တာဝန်ယူရသည့် ဓာတ် ခွဲခန်းဝန်ထမ်းများ၊ ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တိရစ္ဆာန်ဆေးကုဝန်ထမ်းများ၊ ကလေးငယ်များ၊ ခွေးကိုက် ခံရနိုင်ခြေများသဖြင့်   ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ခွေးကိုက်မခံရမီ ကြိုတင်ထိုးနှံရန်လိုအပ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

မိမိ၏အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါကာကွယ် ဆေးထိုးနှံပြီး မွေးမြူကြရန် လိုအပ်ပါကြောင်း တိုက်တွန်း ရပေသည် ။






အခြားဆက်စပ်သတင်းများ