နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PGA Tour တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးရိုက်ကစားသမားဆု ရှက်ဖလာ ဆွတ်ခူး

စက်တင်ဘာ ၁၃

အမေရိကန်အခြေစိုက် PGA Tour က ပေးအပ်ချီးမြှင့်သည့် ၂၀၂၂ ခုနှစ်အတွက် PGA Tour၏ တစ်နှစ်တာ  အကောင်းဆုံးဂေါက် သီးရိုက်ကစားသမားဆုကို အမေ ရိကန် ဂေါက်သီးရိုက်ကစားသမား ရှက်ဖလာ ဆွတ်ခူးနိုင်ခဲ့သည်။ 

PGA Tour ၏တစ်နှစ်တာ အကောင်းဆုံး ဂေါက်သီးရိုက် ကစားသမားဆုအတွက် ဆန်ခါ တင် သုံးဦးစာရင်းတွင် ပါဝင်ခဲ့ သည့် ရှက်ဖလာ၊ ဩစတြေးလျ ဂေါက်သီးရိုက် ကစားသမား ကင်မရွန်းစမစ်နှင့်မြောက်အိုင်ယာ လန် ကစားသမား မက်အီလ်ရွိုင်း တို့အား PGA Tour အဖွဲ့ချုပ်မှ ဘုတ်အဖွဲ့ဝင်များက  မဲပေး ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး ရှက် ဖလာက မဲအများဆုံးရရှိကာ PGA Tour ၏ တစ်နှစ်တာ အကောင်းဆုံး ဂေါက်သီးရိုက်ကစားသမားဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ 

ဘုတ်အဖွဲ့ဝင်များက မဲပေး ရွေးချယ်ခဲ့ရာတွင် ရှက်ဖလာသည် မဲရလဒ် ၈၉ ရာခိုင်နှုန်းအထိရရှိ ခဲ့သည့်အတွက် ပြတ်သားသည့် မဲရလဒ်ဖြင့် ကင်မရွန်းစမစ်နှင့် မက်အီလ်ရွိုင်းတို့အား ကျော် ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ရှက်ဖလာသည် ၂၀၁၉ ခုနှစ် တွင်လည်း Korn Ferry Tour ၏ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးရိုက်ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၀ ပြည့် နှစ်တွင် PGA Tour Rookie of the Year ဆု ကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။  

                                   (သူရိန်)






အခြားဆက်စပ်သတင်းများ