နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လုပ်ငန်းပိတ်သိမ်းခြင်းအပြင် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ၊ အလုပ်ရုံအရေအတွက် ရာချီရှိပြီး ပြည်တွင်းအလုပ်အကိုင်များ ကျဆင်း

 ရန်ကုန်၊ ဇွန် ၁၁  

 မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ လုပ်ငန်းပိတ်သိမ်းခြင်းများအပြင် အလုပ်သမားအင်အားလျှော့ချ သည့် စက်ရုံ၊ အလုပ်ရုံပေါင်း ၂၀ဝ ဝန်းကျင်ခန့်ရှိလာပြီဖြစ်ကာ လက်ရှိ စက်ရုံများ လည်ပတ်နေသည့်အခြေအနေ အရ ပြည်တွင်းအလုပ်အကိုင်ရရှိမှုမှာလည်း ပိုမိုကျဆင်းလာကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ သိရသည်။

“အခုတော့ ဆရာ တို့ဆီမှာ စက်ရုံ၊ အလုပ်ရုံတွေက လုပ်သားအင်အား လျှော့ချတာတွေ၊ ယာယီပိတ်သိမ်း တာတွေက အမြဲတမ်း ဆိုင်ပြီး တက်နေတာကို၊ ရာနဲ့ချီ ရှိပြီဖြစ်တယ်။ အစိုးရရော၊ ပုဂ္ဂလိကရော အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကလည်း လျော့ကျလာတယ်”ဟု ရန်ကုန်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ရန်ကုန် တိုင်းမှူး ဦးခင်မောင်သွင် က ပြောသည်။

 Covid - 19 ဂယက်ကြောင့်  အလုပ်ပြန်လည်ရရှိရန် ခက်ခဲနေသည့်အခြေအနေများတွင်  မိမိတို့၏မူရင်း စက်ရုံများ၌  ပြန်လည်အလုပ်လုပ်ကိုင်လိုသူများလည်း ရှိနေသည့်အပြင် အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှု နှင့် ညှိနှိုင်းဖြေရှင်းနေရခြင်းများလည်း များစွာရှိနေကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံများ၏ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအခြေအနေများကြောင့် မြန်မာပြည်တွင်းရှိ စက်ရုံအလုပ်ရုံများ အနေဖြင့်  ယခင်ရရှိထားသည့် လုပ်ငန်းအော်ဒါများကို  သြဂုတ် လအထိ သတ်မှတ်ကာ လုပ်ငန်းလည်ပတ် နေခြင်းဖြစ်ပြီး ယင်းကာလအတွင်း အော်ဒါအမှာစာ အသစ်များရရှိရန်  ပြိုင်ဆိုင်မှုကြီးမားစွာထားကာ ယှဉ်ပြိုင် နေရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက် စက်ရုံ၊ အလုပ်ရုံများ ရေရှည်ရပ်တည်နိုင်ရန် အလုပ်သမားအင်အားလျှော့ချသည့်စက်ရုံများ ယခုထက် ပိုမိုများလာနိုင်သည့် အခြေအနေမျိုးတွင်ရှိနေကြောင်း သိရသည်။

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ