နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချဲလ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တီကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်း

စက်တင်ဘာ ၁၄
ချဲလ်ဆီးအသင်းသည် အဓိက ကွင်းလယ်ကစားသမားဖြစ်သည့် ကန်တီကို သုံးနှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန်အတွက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ကန်တီသည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က လက်စတာအသင်းမှ ချဲလ်ဆီးအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး လက်ရှိတွင် ကန်တီနှင့် ချဲလ်ဆီးအသင်းတို့ စာချုပ်သက်တမ်းမှာ  ယခုနှစ် ဘောလုံးရာသီအကုန်တွင် ပြီးဆုံးမည်ဖြစ်သည်။
ချဲလ်ဆီးအသင်းသည် ပိုင်ရှင်ဟောင်း အီဗရာမိုဗစ်ချ် လက်ထက်က အသက် ၃၀ ကျော် ကစားသမားများကို နှစ်နှစ် စာချုပ်ထက် ပိုမိုမချုပ်ဆို သည့်စနစ်ကို ကျင့်သုံးခဲ့သော် လည်း အသင်းပိုင်ရှင်သစ် တော့ဘိုလီလက်ထက်တွင် စည်းမျဉ်းများ ပြောင်းလဲခဲ့ပြီး နောက် အသက် ၃၀ ကျော်နေပြီ ဖြစ်သည့် ကန်တီကို သုံးနှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆို ရန် ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။  ကန်တီသည် နောက်ပိုင်းနှစ်များတွင် ဒဏ်ရာ ပြဿနာများကြောင့် ရုန်းကန် နေရသော်လည်း  လက်ရှိ နည်းပြသစ် ဂရေဟမ်ပေါ်တာက ကန်တီ ကို အသင်းတွင် ဆက်လက် ထိန်းသိမ်းလိုသည့်အတွက် နှစ်နှစ်သက်တမ်းတိုးစာချုပ် အပြင် တစ်နှစ်သက်တမ်းတိုး ခွင့်ဖြင့် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သည်။          (သူရိန်)






အခြားဆက်စပ်သတင်းများ