နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယပိုင်း သွင်းဂိုးများဖြင့် ဘိုင်ယန်မြူးနစ်အသင်း ဘာစီလိုနာကို အနိုင်ရ

စက်တင်ဘာ   ၁၄
ချန်ပီယံလိဂ်အုပ်စု C ၏ ပွဲစဉ်တစ်ပွဲအဖြစ် ဘိုင်ယန်မြူး နစ်အသင်းနှင့် ဘာစီလိုနာအသင်း တို့ ယနေ့နံနက်အစောပိုင်းက Allianz Arena ကွင်း၌ ယှဉ်ပြိုင် ကစားရာ အိမ်ရှင်ဘိုင်ယန်အသင်း က ဘာစီလိုနာအသင်းကိုနှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
အဆိုပါပွဲစဉ်တွင် နှစ်သင်း စလုံးက အဓိကကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာပြီး အပြန်အလှန်တိုက်စစ်ဆင်မှု များဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ ကာ ပရိသတ်အကြိုက်ပွဲကောင်း တစ်ပွဲဖြစ်ခဲ့သည်။ ပထမပိုင်း တွင် ဘိုင်ယန်အသင်းအခွင့် အရေးမရှိသလောက် နည်းပါးခဲ့ ပြီး ဘာစီလိုနာအသင်းကသာ ပွဲကို စိုးမိုးနိုင်ခဲ့သည်။ တိုက်စစ် မှူးလီဝန်ဒေါစကီးအပိုင်အခွင့် အရေးများကို အသုံးချနိုင်ခြင်း မရှိသလို ဘိုင်ယန်ဂိုးသမားနူအာ လက်စွမ်းပြကာကွယ်နေခြင်း ကြောင့် ဘာစီလိုနာအသင်း ဂိုး ရရှိမည့်အခွင့်အရေးများ လက် လွှတ်ခဲ့ရသည်။
ဒုတိယပိုင်းတွင် ဘိုင်ယန် အသင်းက ကွင်းလယ်ပိုင်းတွင် အားနည်းနေသည့် ဆာဘစ်ဇာ ကို ထုတ်ပြီး ဂိုရက်ဇ်ကာကို ထည့်သွင်းကစားခဲ့သည်။
ထို့နောက် ဘိုင်ယန်အသင်း ပိုမိုအချိတ်အဆက်မိလာခဲ့ပြီး ပွဲချိန် ၅၀ မိနစ်တွင် ထောင့်ကန် ဘောကတစ်ဆင့် ကင်မစ်ချ်၏ ဖြတ်တင်ပေးမှုကို ဟာနန်ဒက်ဇ် က ခေါင်းတိုက်ကာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ် အနိုင်ဂိုးကို ၅၄ မိနစ်တွင် ဆာနေးက သွင်းယူပေးသည်။
ဘာစီလိုနာအသင်း ချေပဂိုး ရရှိရေး ပြန်လည်ကြိုးပမ်းခဲ့ပြီး အခွင့်အရေးအချို့ရရှိခဲ့သော်လည်း ထပ်မံအသုံးချနိုင်ခြင်းမရှိသော ကြောင့် ရှုံးပွဲကြုံခဲ့ရသည်။
အဆိုပါ ပွဲစဉ်တွင် ဘာစီလိုနာ အသင်း၏ ကစားပုံက အားရစရာ ကောင်းခဲ့ပြီး ဘိုင်ယန်အသင်း ကို ကောင်းကောင်းဒုက္ခပေးနိုင် ခဲ့သည်။ ဘိုင်ယန်အသင်းက လည်း ဂိုးသမားနူအာ၊ ခံစစ် ကစားသမား ဟာနန်ဒက်ဇ်၊ အူပါမီကာနိုနှင့် ဒေးဗီးစ်တို့၏ အကောင်းဆုံးပုံစံနှင့်အတူ ရရှိ လာသည့် အခွင့်အရေးများကို အသုံးချပြီး နိုင်ပွဲတစ်ပွဲကို ဖန်တီး နိုင်ခဲ့သည်။ အခြားချန်ပီယံလိဂ်အုပ်စုပွဲစဉ်များတွင် အင်တာက ဗစ်တိုးရီးယားကို နှစ်ဂိုး၊ ဂိုးမရှိ၊ စပို့တင်းက စပါးကို နှစ်ဂိုး၊ ဂိုး မရှိ၊ လီဗာပူးက အေဂျက်ကို နှစ်ဂိုး၊ တစ်ဂိုး၊ လေဗာကူဆင်က အေတီကို,ကို နှစ်ဂိုး၊ ဂိုးမရှိ၊ ဘရုဂျက်ကပေါ်တိုကို လေးဂိုး၊ ဂိုးမရှိနှင့် ဖရန့်ဖတ်က မာဆေးလ် ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အသီးသီး အနိုင်ရရှိကြကြောင်း သိရ သည်။                         (သူရိန်)






အခြားဆက်စပ်သတင်းများ