နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်

ရန်ကုန်၊ ဇွန် ၁၁


သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် မှီခိုအားထားရာ အကျိုးပြုဝန်းကျင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မှ လူတို့အတွက် နေရေး၊ ထိုင်ရေး၊ စားရေးသောက်ရေးမှအစ လိုအပ်ချက်ကိစ္စအဝဝတို့ ဖြည့်စွမ်းပေးနေသည်မျာ အမှန်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် သယံဇာတပေါများကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတသဖြင့် နေချင်စဖွယ်ကောင်းသော နိုင်ငံဖြစ်သည်။ ယခုအခါ သစ်တောသစ်ပင် လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။


ယနေ့ကမ္ဘာကြီးတွင် ပူပြင်းခြောက်သွေ့ခြင်း၊ ရာသီဥတုဆိုးရွာလာခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးရေလျှံ ခြင်း၊ ရောဂါအသစ်အဆန်းများ ဖြစ်ပေါ်လာခြင်း ဘေးဒဏ်အမျိုးမျိုးကို လူသားတို့ကြုံတွေ့နေရသည်။ မိုးခေါင်ခြင်း၊ ပူပြင်းမှုကာလရှည်လျားခြင်း၊ ဆောင်းကာလတိုခြင်းတို့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည်။ ယခုအခါ သဘာဝသစ်တောများ တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်းသိရသည်။ နိုင်ငံ၏ လူဦးရေ၊ မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိသည်။ သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းရန် ခက်ခဲလာသည်။ အဘယ်ကြောင့်ဆိုသော် ကျေးရွာအများစုက နေ့စဉ်သုံးလောင်စာ အတွက် ထင်းနှင့်မီးသွေးကို သစ်တောများမှထုတ်ယူခြင်းသည်လည်း အဓိကပါဝင်သည်။


သက်ဆိုင်ရာဌာနများအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် ထင်းအစားထိုး လောင်စာသုံးစွဲခြင်းနှင့် စွမ်းအားမြင့်မီးဖိုများ သုံးစွဲခြင်းလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိသည်။ ဥတုရာသီ၏ အဓိက အားပြုရာဖြစ်သည့် သစ်တော၊ သစ်ပင်လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာသဖြင့် ရာသီဥတု ဖောက်ပြန်မှုများနှင့် ကြုံတွေ့နေရသည်က အမှန်ပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတစ်ရပ်အဖြစ် သစ်ပင်မျိုးစုံ ပျိုးပင်များကို သက်ဆိုင်ရာမြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် ပြုစုပျိုးထောင်ထားသည်များကို သိရှိရသည်။


မိုးရာသီသစ်ပင်စိုက်ပျိုးရေး မြို့နယ်များအတွင်း သစ်ပင်စိုက်ရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်။ မိုးဦးကျကာလ နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပကြတော့မည်။ သစ်ပင်အရေအတွက် သိန်း၊ သောင်းမက စိုက်ပျိုးကြသကဲ့သို့စိုက်ပျိုးပြီး သစ်ပင်များရှင်သန်ဖွံ့ဖြိုးအောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် စေချင်ကြောင်း။        ။






အခြားဆက်စပ်သတင်းများ