နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တတိယသုံးလပတ်အတွင်း ကမ္ဘာ့စီးပွားရေးနှေးကွေးလာဟု IMF ပြော

ဝါရှင်တန်၊စက်တင်ဘာ ၁၇ 

ငွေကြေးဖောင်းပွမှု၊ ထောက်ပံ့ဖြည့် တင်းမှုကွင်းဆက်ပြဿနာများနှင့် ပိုမို တင်း ကျပ်သောဘဏ္ဍာရေးဈေးကွက် အခြေအနေများ ကြောင့်တတိယသုံးလ ပတ်တွင် ကမ္ဘာ့စီးပွားရေး အခြေ အနေ နှေးကွေးလာကြောင်း  နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဆိုသည်။ 

ကမ္ဘာ့စီးပွားရေးသည် ဆုံးရှုံးမှုကို ညွှန်ပြနေပြီး အချို့သောနိုင်ငံများသည် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုသို့ ရောက်ရှိသွားနိုင်သော်လည်း ကမ္ဘာလုံး ဆိုင်ရာဆုတ်ယုတ်မှုသည် ယခုထက်ပို၍ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ခြင်းရှိ မရှိ ကိုမူ ကြိုတင်ခန့်မှန်းမရကြောင်း IMF ၏ ပြောရေးဆိုခွင့်ရှိသူ Gerry Rice က ပြောသည်။

IMF ၏ခန့်မှန်းချက်အရ ၂၀၂၂ ခုနှစ် အတွက် ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု နှုန်း သည် ၃ ဒသမ ၂ ရာခိုင်နှုန်းရှိနိုင် ကြောင်း ခန့်မှန်းထားပြီး ၂၀၂၃ ခုနှစ် တွင်မူ ၂ ဒသမ ၉ ရာခိုင်နှုန်း အထိသာ ရှိနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ယခုအခြေအနေအရ လာမည့်လတွင် အလားအလာသစ်ကို ထပ်မံထုတ်ပြန် မည် ဖြစ်ကြောင်း သိရသည်။

 ကိုဗစ်ပိတ်ဆို့မှုနှင့် အိမ်ခြံမြေ ပြဿနာများသည် တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ဆောင်မှုအပေါ်ဖိစီးနေချိန်  တွင် ဒေါ်လာဈေးအားကောင်း နေ သည့် အတွက် နိုင်ငံများစွာ အပေါ် ဂယက်ရိုက် ခတ်မှု များရှိသည်ဟု မစ္စတာ Gerry က ဆိုသည်။ 

အာဖရိကတစ်တိုက် တည်းမှာပင် လွန်ခဲ့သည့်နှစ်အတွင်း ငတ်မွတ်မှုသည် သုံးပုံတစ်ပုံအထိ မြင့်တက်လာပြီး လူပေါင်း ၁၂၃ သန်းကို ထိခိုက်ခဲ့ကြောင်း သိရသည်။

(ref: Bloomberg)






အခြားဆက်စပ်သတင်းများ