နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှစ်သန်းပေါင်း ၃၈၀ သက်တမ်းရှိ နှလုံးတစ်ခု သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ

ကန်ဘာရာ ၊ စက်တင်ဘာ ၁၇ 

သြစတြေးလျ သိပ္ပံပညာရှင်များ သည် လွန်ခဲ့သည့် နှစ်သန်းပေါင်း ၃၈၀ က ရှင်သန်ခဲ့သည်ဟု ယူဆရသော ငါးမျိုး စိတ်၏ နှလုံး တစ်ခုကိုကျောက်ဖြစ် ရုပ် ကြွင်းတစ်ခုအတွင်းအကောင်းပကတိ ရှာဖွေတွေ့ရှိထားကြောင်း စက်တင်ဘာ ၁၅ ရက်က ထုတ်ဖော် ပြသလိုက်သည်။ 

အဆိုပါ ငါးမျိုးစိတ်၏နှလုံးကိုလေ့ လာခြင်းအားဖြင့်ခန္ဓာကိုယ်အစိတ် အပိုင်းများသို့ သွေးပို့လွှတ်သည့် စနစ် များ အဆင့်ဆင့်ပြောင်းလဲလာပုံကိုသိရှိ နိုင်မည်ဖြစ်ပြီး လူသားအပါအဝင် ကျော ရိုး ရှိသတ္တဝါများ၏ ဆင့်ကဲဖြစ်စဉ်ကိုပါ လေ့လာနိုင် မည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ နှလုံးသည် Gogo ဟုခေါ် သည့် ရှေးဟောင်းငါးမျိုးစိတ်တစ်ကောင် ၏ နှလုံးဖြစ်ပြီးသိပ္ပံပညာ အတွက် ကြီးမားသည့် တွေ့ရှိမှုတစ်ခုဖြစ်ကြောင်း ကန်ဘာရာ သိပ္ပံပညာရှင် အဖွဲ့ခေါင်း ဆောင်ပါမောက္ခ Kate Trinajstic က ပြောသည်။                         (ref: BBC)






အခြားဆက်စပ်သတင်းများ