နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကင်ညာတွင် လောင်စာဆီစျေးနှုန်း စံချိန်တင်မြင့်တက်

နိုင်ရိုဘီ၊ စက်တင်ဘာ ၁၇ 

ကင်ညာနိုင်ငံတွင် သမ္မတသစ်ဝီလီ ယမ်ရူတို ကျမ်းသစ္စာကျိန် ဆိုပြီး နောက် စက်တင်ဘာ ၁၆ ရက်က လောင်စာဆီ စျေးနှုန်းများ စံချိန်တင် မြင့်တက် လာ ကြောင်း သိရသည်။ 

ကင်ညာ သမ္မတသစ် ရူတိုအနေဖြင့် လောင်စာအတွက် အပိုထောက်ပံ့မှု ပေး နေခြင်း များသည် ရေရှည်ခံမည် မဟုတ် ခြင်းကြောင့် ဖြတ်တောက် လျှော့ချမည် ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် ယခုကဲ့သို့ မြင့်တက်လာခြင်းဖြစ်သည်။ 

လာမည့် သီတင်းပတ်များတွင် လောင်စာစျေးများ ထပ်မံ မြင့်တက်လာ မည်ဟု မျှော်လင့်ရပြီး လက်ရှိ ကင်ညာ ၏ ဓာတ်ဆီစျေးသည် တစ်လီတာကို ကင်ညာငွေ သျှီလင် ၂၀ ရှိနေရာက သျှီလင် ၁၈၀ အထိ ထိုးတက်သွားခြင်း ဖြစ်သည်။ 

ယင်းနှုန်းထားသည် အောက်တိုဘာ ၁၄ ရက်အထိ ဆက်လက် ဖြစ်ပေါ် နိုင်ပြီး ကိုဗစ်အလွန် စီးပွားရေး အကျပ် အတည်း၊ မိုးခေါင် ရေရှားမှုများ အပြင် ယူကရိန်းစစ်ကြောင့် ဂျုံနှင့် စွမ်းအင်စျေး မြင့်တက်မှုများကို ပြည်သူများ ရင်ဆိုင် နေရချိန်နှင့်လည်း တိုက်ဆိုင်နေကြောင်း အာဏာပိုင်များက ဆိုသည်။ 

ကင်ညာကို နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF က ၃၈ လ သက်တမ်း ရှိ သည့် ချေးငွေတစ်ရပ် ထောက်ပံ့ပေး ထားပြီး ယင်းအတွက် တိုင်းပြည်ဘဏ္ဍာ ရေး ဖိအားလျော့ကျစေရန် လာမည့်လ နောက်ဆုံးထားပြီး လောင်စာအတွက် အပိုထောက်ပံ့ကြေး ထုတ်ပေးနေခြင်း များကိုအစိုးရအနေဖြင့်ဖြတ်တောက် ရခြင်း ဖြစ်ကြောင်း သိရသည်။  (ref: AP)






အခြားဆက်စပ်သတင်းများ