နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
LIV Golf Series ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် သတင်းများကို ဂျွန်ရမ်း ငြင်းဆို

စက်တင်ဘာ ၁၇

ကမ္ဘာ့အဆင့် ၁ ဂေါက်သီးရိုက် ကစားသမားဟောင်းဖြစ်သူ ဂျွန်ရမ်းသည်  PGA Tour က   တားမြစ်ပိတ်ပင်ထားသည့် LIV Golf Series ဂေါက်သီး ရိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်မည့် သတင်းများကို ငြင်းဆို လိုက်ကြောင်း သိရသည်။ 

ကမ္ဘာ့အဆင့် ဂေါက်သီး ရိုက်ကစားသမား အများစုသည် PGA Tour က တားမြစ်ပိတ်ပင် ထားသော်လည်း LIV Golf Series ဂေါက်သီး ရိုက်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုများဖြင့် ရင်ဆိုင် နေရပြီး PGA Tour ဂေါက်သီးရိုက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် လည်း ပိတ်ပင်ခံထားရသည်။ 

LIV Golf Series  အဖွဲ့ ချုပ်က  ဂျွန်ရမ်းအား  ယင်း တို့နှင့်ပူးပေါင်းစေလိုကြောင်း အသိပေးခဲ့သော်လည်း ဂျွန်ရမ်းက PGA Tour အပေါ်၌သာ သစ္စာ ရှိသွားမည်ဖြစ်ပြီး PGA Tour ကို စွန့်ခွာမည်မဟုတ်ကြောင်း၊ PGA Tour ပြိုင်ပွဲ များတွင် ရရှိထားသော စံချိန်မှတ်တမ်းကောင်းများကို ဆက်လက်ထိန်းသိမ်းသွားနိုင် ရေးကိုသာ အာရုံစိုက်နေပြီး ငွေကြေးနောက် လိုက်မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။

 “ကျွန်တော်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ အမှားတွေဖြစ်ပါတယ်။ ဒီလို သတင်းအမှားတွေ ထုတ်ပြန်နေတဲ့ LIV Golf Series ဟာ PGA Tour ကို ဆက်တိုက်ရှုံးနိမ့်နေပါတယ်။ အခုလို  သတင်းအမှားတွေ ထုတ်ပြန်ခဲ့တဲ့အတွက်  ကစား သမားများရဲ့ အကျိုးသက်ရောက်မှု အစီအစဉ် (PIP) ရပ်တည်ချက်မှာ ကျွန်တော့်ရဲ့  အဆင့်ကပိုပြီး မြင့်တက်လာခဲ့လို့ သတင်း အမှားတွေအတွက် ကျေးဇူးတင် ပါတယ်”ဟု ဂျွန်ရမ်းက ပြော သည်။                         

                                   (သူရိန်)






အခြားဆက်စပ်သတင်းများ