နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဇာဘိုင်ဂျန် နှင့် အာမေးနီးယား အပစ်အခတ် ရပ်စဲ

ဘာကူ၊ စက်တင်ဘာ ၁၈

နှစ်ရက်အတွင်း နှစ်ဖက်စစ်သား ၁၇၀ ကျော်ကျဆုံးပြီးနောက် အဇာဘိုင် ဂျန်နှင့်အိမ်နီးချင်း အာမေးနီးယား နိုင်ငံများသည် အပစ်အခတ်ရပ်စဲရေး ကို သဘောတူညီလိုက်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက်တွင် ကြေညာသည်။

ပစ်ခတ်မှုများအရ အဇာဘိုင်ဂျန် တွင် မကြာသေးမီက တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်သား ၇၁ ဦး ရှိပြီး အာမေးနီးယားတွင် တပ်ဖွဲ့ဝင် ၁၀၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြောင်း၊ အာမေးနီးယား နှင့် အဇာဘိုင်ဂျန်တို့ အကြား ပုံမှန်ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင်အခိုင်အမာပါဝင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေးရာနှင့် လုံခြုံ ရေးမူဝါဒဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူ Peter Stano က ပြောသည်။

နှစ်နိုင်ငံလုံးသည် ရေရှည်ပဋိပက္ခ ဖြစ်နေရာမှ ပြီးခဲ့သည့် နှစ်ရက်ကြာ ပစ် ခတ်မှုဖြစ်ပွားပြီးနောက် စစ်သား ၁၇၀ ကျော် ကျဆုံးသဖြင့် ကနဦး ရန်စမှုများ အတွက် တစ်ဖက်နှင့်တစ်ဖက်  အပြန် အလှန်အပြစ်တင်လျက်ရှိသည်။ 

ထိုနှစ်နိုင်ငံသည် ယခင်ဆိုဗီယက် ပြည်ထောင်စုပြိုကွဲရာမှ ဖြစ်လာသော နိုင်ငံများဖြစ်ပြီး ရုရှား ငြိမ်းချမ်းရေး ထိန်း သိမ်းမှု တပ်ဖွဲ့များ ပါ၀င်လာမှု ကြောင့် အဆိုပါ ပဋိပက္ခ သည် ပြီးဆုံးသွားသော် လည်း နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင် ၆,၅၀၀ ခန့် ကျဆုံးသွားကြောင်း သိရသည်။

 (ref: AFP)






အခြားဆက်စပ်သတင်းများ