နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ်ကို လက်နက်ထောက်ပံ့သော အမေရိကန် ကုမ္ပဏီ အကြီးအကဲများကို တရုတ် ဒဏ်ခတ် ပိတ်ဆို့

ပေကျင်း၊စက်တင်ဘာ ၁၈

အမေရိကန်ကုမ္ပဏီများဖြစ်သည့် Raytheon Technologies နှင့် Boeing ၏ အကြီးအကဲများကို တရုတ်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်လိုက်ပြီ ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန် ဟုဆိုကာ Raytheon Technologies ကုမ္ပဏီ၏ ဘုတ်အဖွဲ့ နှင့် စီအီးအို ဖြစ်သူ Greg Hayes ကိုလည်းကောင်း၊ Boeing ကာကွယ်ရေး၊ Space & Security ၏ ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်သူ Ted Colbert ကိုလည်းကောင်း ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာထားသည်။

ထိုင်ဝမ်သို့ ကန်ဒေါ်လာ ၁ ဒသမ ၁၀ ဘီလီယံတန်ဖိုးရှိ အမေရိကန် စစ်လက် နက်များ ထောက်ပံ့ပေးသောကြောင့် ယခုကဲ့သို့ ပိတ်ဆို့ခြင်းဖြစ်ကြောင်းတရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြော သည်။                                                                                         (ref: CNN)






အခြားဆက်စပ်သတင်းများ