နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီ ရေလွှမ်းမိုးမှုတွင် လူ၁၀ ဦး သေဆုံး

ဆန်တီယာနို၊ စက်တင်ဘာ ၁၈

အီတလီနိုင်ငံ အလယ်ပိုင်း တောင် ကုန်း ဒေသရှိ မြို့အများစုတွင်မိုးသည်း ထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုများ ဖြစ်နေခြင်းကြောင့် လူ ၁၀ ဦးသေဆုံးကာ လေးဦး ပျောက်ဆုံးနေကြောင်းအာဏာ ပိုင်များက စက်တင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်သည်။

ရေလွှမ်းမိုးမှုဖြစ်နေချိန်ဒေသခံများ သည် အိမ်ခေါင်မိုးများနှင့် သစ်ပင်များ ပေါ်သို့ တက်နေကြရပြီး ဒဏ်ရာရသူ လူ ၅၀ ခန့်ကိုလည်း ဆေးရုံများသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။

လက်ရှိတွင် ရေကျနေပြီဖြစ်သော် လည်း  အဆောက်အအုံများ ၊ အိမ်အတွင်း ပိုင်းများနှင့် လမ်းမများတစ်လျှောက် ရွံ့နွံများ ဖုံးလွှမ်းပြီး ဆိုးရွားစွာ ပျက်စီး လျက်ရှိကာ အရေးပေါ်တုံ့ပြန်ရေး အဖွဲ့ များက အပျက်အစီးများကို စတင်ရှင်း လင်းနေပြီ ဖြစ်ကြောင်း သိရသည်။

ကားများ ၊ အိမ်ခေါင်မိုး နှင့်သစ်ပင် ပေါ် တွင် ပိတ်မိနေသည့် ဒေသခံများ ကို လည်း မီးသတ်ဌာနက ဘေးအန္တရာယ် ကင်းစွာ ကယ်ဆယ်ထားပြီး မြစ်ကမ်း ပါးနှင့်နီးသော ဆီနီဂါလီယာမြို့အနီး တစ်ဝိုက်ဒေသများသည် ရေလွှမ်းမိုးမှု ဒဏ် အဆိုးရွားဆုံး ကြုံထားကြောင်း ယင်းတို့က ပြောသည်။

 (ref: AP)






အခြားဆက်စပ်သတင်းများ