နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်ဘနွန်တွင် ဘဏ်အားလုံး သုံးရက်ပိတ်မည်

ဘေရွတ်၊ စက်တင်ဘာ ၁၈

လက်ဘနွန်နိုင်ငံရှိ ဘဏ်များတွင် ငွေအပ်နှံထားသူများသည် ယင်းတို့၏ ငွေများကို ပြန်လည်ထုတ်ယူ၍မရခြင်း ကြောင့် ၎င်းတို့၏ စု ဆောင်းငွေများကို တောင်းခံရန် ဘဏ်များအတွင်း စီးနင်း ကြသဖြင့် နိုင်ငံအတွင်းရှိ ဘဏ်အား လုံးကို စက်တင်ဘာ ၁၉ ရက်မှ ၂၁ ရက် အထိ ပိတ်မည်ဖြစ်ကြောင်း သိရသည်။ 

လက်ဘနွန်တွင် စက်တင်ဘာ ၁၆ ရက် တစ်ရက်တာအတွင်းမှာပင် ဘဏ်အရေအတွက် ငါးခု စီးနင်းခံရပြီး မျှော်လင့်ချက်ကင်းမဲ့နေသော ငွေအပ် နှံထားသူများသည် ၎င်းတို့ငွေများကို အင်အားသုံးပြန်လည် ထုတ်ယူမည့် အလားအလာ ပိုမိုများပြားနေရာ အချိန် ဆွဲရန် အားထုတ်သည့် အနေဖြင့် လက်ဘနွန်ဘဏ်များအသင်းက ဘဏ် ခွဲများ အားလုံးကို ၃ ရက်ပိတ်ထား မည်ဖြစ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။ 

ဘဏ္ဍာရေး အကျပ်အတည်း၏ နောက်ဆက်တွဲအဖြစ် ဘဏ်များက ငွေထုတ်ယူမှုကို ကန့်သတ်လိုက်ရာ ဘဏ်တွင်ငွေအပ်ထားသူများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြဿနာကို ဖြေရှင်းရန် ဆုံးဖြတ်ထားကြပြီး ၎င်း တို့ ကို အများပြည်သူက ကရုဏာ သက် လျက်ရှိကာ တရားဥပဒေစိုးမိုးရေး ပိုင်း ကလည်း သက်ညှာပေးထားကြောင်း သိရသည်။ 

ဘဏ်များအတွင်း ချိုးဖျက်ဝင် ရောက်ခြင်းသည် လက်ဘနွန်နိုင်ငံနှင့် ပြိုကျလုနီးဖြစ်နေသည့် ဘဏ်စနစ် အဖွဲ့အစည်းများကိုပိုမို မတည်မငြိမ် ဖြစ်စေပြီး စီးပွားရေး အကျပ် အတည်း မှ လွတ်မြောက်စေမည့်ထွက်ပေါက် များလည်း ပျောက်ဆုံးစေကြောင်းသိရ သည်။                     (ref: Reuters)






အခြားဆက်စပ်သတင်းများ