နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်စေရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်

ရန်ကုန်၊  ဩဂုတ် ၁၇


ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊အင်ဂျင် နီယာဌာန (ရေစီးရေလာစီမံခန့် ခွဲမှု)သည် ရန်ကုန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းချိန်နှင့်  ဒီရေတက်ချိန်တိုက်ဆိုင်ပါက မြို့တွင်းရှိချောင်းများ၊ ရေနုတ် မြောင်းများမှ ရန်ကုန်မြစ်၊ ပဲခူး မြစ်၊ ငမိုးရိပ်ချောင်းများအတွင်း သို့ စီးဝင်သည့် မြစ်ထွက်ပေါက် များ၏ ရေတံခါးများပိတ်၍ တပ်ဆင်ထားသည့် ရေစုပ်စက် များဖြင့် မြို့တွင်းမှ ရေအားစုပ် ထုတ်၍ ရေကြီးရေလျှံမှုမဖြစ် အောင် စီမံဆောင်ရွက်လျက် ရှိသည်။ 


ရန်ကုန်မြို့တွင် ယမန်နေ့ နံနက်မှ ယနေ့နံနက်အထိ မိုးရေချိန်  ၆ ဒသမ ၆၉ လက်မ အထိ သည်းထန်စွာရွာသွန်းခဲ့ ပြီး ယနေ့နံနက်ပိုင်း ဒီရေ  ၁၉ ဒသမ ၈၈ ပေထိ မြင့်တက်ခြင်း တို့ကြောင့် ရန်ကုန်မြို့တွင်း ရေကြီးရေလျှံမှု မဖြစ်စေရန် ရေစီးရေလာကောင်းမွန်ရေး စီမံ ဆောင်ရွက်လျက်ရှိရာ  ရန်ကုန် တိုင်းဒေသကြီး၊စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီက လမ်းမတော်မြို့နယ်၊  ၁  ရပ်ကွက်၊ အောင်ရတနာလမ်း တွင် လသာမြို့နယ်၊ လမ်းမတော် မြို့နယ်များတစ်လျှောက်စီးဆင်း လာပြီး ရွာသစ်ချောင်းအတွင်း သို့ စီးဝင်သည့် ကျုံးကြီးမြောင်း ရေစီးရေလာအခြေအနေကို လည်းကောင်း၊ မော်တင်ယာယီ ဈေးရပ်ကွက်၊ ကမ်းနားလမ်းရှိ ရွာသစ်ချောင်း မြစ်ထွက်ပေါက် တွင် ရေတံခါးများပိတ်၍ တစ် နာရီလျှင် ရေဂါလန် ၁၉၀,၀၀၀ စုပ်ယူနိုင်သည့် ရေစုပ်စက်ဖြင့် ရန်ကုန်မြစ်အတွင်းသို့ ရေစုပ် ထုတ်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးသည်။


ယခုအခါ မုတ်သုံလေအား အလွန်ကောင်းခြင်းနှင့် အရှေ့ ဘက်ကဆင်းလာသည့် လေပွေ လှိုင်းများကြောင့်ကမ်းရိုးတန်း ဒေသတစ်လျှောက် ရခိုင်ပြည် နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည် နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆက်လက်၍ မိုးထစ်ချုန်းရွာရန် ခန့်မှန်းထားသဖြင့် ရန်ကုန်မြို့ တွင် ရေကြီးရေလျှံမှု မဖြစ် အောင် ဘက်စုံကစီမံဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သတင်း-မိုးမြင့်မောင်

ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ