နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲဆုရရှိသူများကို ဆုများ ချီးမြှင့်ပေးအပ်

ရန်ကုန်   ဩဂုတ်   ၁၇


ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့် ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများ အား ဆုများချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်း၌ အင်းစိန်၊တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ ခရိုင်များ စုပေါင်းပြီးမြောက်ပိုင်း ခရိုင်ကိုယ်စားပြု အင်းစိန်မြို့နယ် (မြို့နယ်)ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက၊ အမှာစကားပြော ကြားရာတွင်  တိုင်းဒေသကြီး အတွင်း ကျင်းပခဲ့သည့် ခရိုင် အဆင့်ပြိုင်ပွဲများမှ ယနေ့ မြောက်ပိုင်းခရိုင် ပြိုင်ပွဲအထိ စိတ်ပါဝင်စားစွာ ဝင်ရောက် ယှဉ်ပြိုင်ပေးကြသော ပြိုင်ပွဲ ဝင်များ၊ ပြိုင်ပွဲဖြစ်မြောက်ရေးပူးပေါင်းကူညီဝိုင်းဝန်းဆောင် ရွက်ပေးကြသော အကဲဖြတ်ဒိုင် များ၊တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ခရိုင် ပြိုင်ပွဲများပြီးဆုံး၍ တိုင်းဒေသ ကြီးပြိုင်ပွဲများ ကျင်းပကာထူးချွန် သော မျိုးဆက်သစ်အနုပညာရှင် များကို ရွေးချယ်၍ ဗဟိုအဆင့် ပြိုင်ပွဲများတွင် ရန်ကုန်တိုင်း ဒေသကြီးကိုယ်စားပြု၍ ယှဉ်ပြိုင် စေမည်ဖြစ်ကြောင်းနှင့် ဗဟို အဆင့်တွင် အောင်မြင်မှုများရ ယူနိုင်ပြီး ထူးချွန်သောအမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာ များကို ဆက်လက်ထိန်းသိမ်း ကြမည့် မျိုးဆက်သစ်အနုပညာ ရှင်များ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အင်းစိန်၊ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးများက အဆို၊ အက၊ အရေးနှင့် ကွက်စိပ်ပြိုင်ပွဲ၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူ များအား ဆုတံဆိပ်များ၊ ဂုဏ်ပြု ချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူ များက ဧည့်ခံဖျော်ဖြေတင်ဆက် ကြသည်။


ဆက်လက်၍ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ပြိုင်ပွဲတွင် ဆုတံဆိပ် အများဆုံးရရှိသော အင်းစိန်မြို့နယ်ကို တံခွန်စိုက် ဆုချီးမြှင့်ပေးအပ်ပြီး ရန်ကုန် တိုင်းဒေသကြီး ခရိုင်အဆင့်၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အောင်မြင်စွာ ပိတ်သိမ်းသည်။


ပြိုင်ပွဲအပြီးတွင် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က အကဲဖြတ်ပညာရှင်များ၊ ပြိုင်ပွဲ ဝင်များနှင့် တက်ရောက်လာ သည့် ဌာနဆိုင်ရာတာဝန်ရှိသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက် ပြီး အိုးစည်အကဖြင့် ဖျော်ဖြေ တင်ဆက်သောအဖွဲ့အား ဂုဏ်ပြု ချီးမြှင့်ငွေများ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ