နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ရန်ကုန်တိုင်းဒေသကြီး(အခြေခံပညာအဆင့်) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်   ဩဂုတ်   ၁၇


၂၃ ကြိမ်မြောက်၊ မြန်မာရိုးရာ ယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲရန်ကုန်တိုင်းဒေသ ကြီး (အခြေခံပညာအဆင့်) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်း၌ အလုံမြို့နယ် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း က အဖွင့်အမှာစကားပြောကြား ရာတွင်၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ် အလာများကို လေးစားလိုက်နာ ပြီး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်နိုင်ရေးဆိုသည့် ဦးတည် ချက်ဖြင့် ပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ တတ်ကျွမ်းထားသော အနုပညာ ရပ်များဖြင့် အောင်နိုင်ဆုများရရှိ ရေး အစွမ်းကုန်ကြိုးစားယှဉ်ပြိုင် သွားကြရန် ပြောကြားသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခိုင်မာလာ နှင်းဆီသီချင်း၊ လူချွန်လူကောင်း သီချင်းများဖြင့်လည်းကောင်း၊ ၁၅-၂၀ဆိုင်းပြိုင်ပွဲဝင်မည့် ကျောင်းသားလေးများက ဆိုင်း ဝိုင်းကြီးဖြင့်လည်းကောင်း ဧည့် ခံဖျော်ဖြေတင်ဆက်ကြသည်။


ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက် ကြသောအဖွဲ့များအား ဂုဏ်ပြု ချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ကြ ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ အကဲဖြတ်ပညာရှင် များ ပြိုင်ပွဲဝင်များနှင့် တက်ရောက် လာသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။ 

ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ