နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးကြည့်ရှုစစ်ဆေး

ရန်ကုန်၊  ဩဂုတ် ၁၆


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး သည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က ရန်ကင်းမြို့နယ်၊ ကံဘဲ့ စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ဈေးရောင်းချ နေမှု၊ ဆည်မြောင်းချောင်း မြေထိန်းနံရံတည်ဆောက်နေမှု၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်း၊ မြဝတီမီဒီယာ စင်တာရှေ့ ကျောက်ကုန်းလမ်းမှ ခုနစ်ပင် လိမ်ချောင်းအထိ အုတ်ရေ မြောင်းတည်ဆောက်နေမှုနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ် မြတ်ထွန်းမြစ်ထွက်ပေါက် ကုန် တင်ရထား လမ်းကူးတံတား Box Culvert တည်ဆောက်နေမှု လုပ်ငန်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆ နာရီ ခွဲတွင် ရန်ကင်းမြို့နယ်၊  ၈ ရပ်ကွက်၊နှင်းဆီလမ်းရှိ ကံဘဲ့စည်ပင်အိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် မြို့ပြ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဈေးများနှင့် ကုန်စည်ပွဲရုံများဌာနနှင့် တိရစ္ဆာန်ဆေးကုသရေးနှင့် ထုတ်လုပ်ရေးဌာနတို့ပူးပေါင်း၍ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး၊ ပုစွန် အမျိုးမျိုးတို့ကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူနိုင်ရန် နှင့် ကိုဗစ်-၁၉ ရောဂါထိန်း ချုပ်နိုင်ရေးအတွက် ဈေးသို့ သွားရောက်ရန်မလိုဘဲနေအိမ် အနီး အလွယ်တကူဝယ်ယူ နိုင်ရန် ရောင်းချပေးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည့်အပေါ် မြို့တော်ဝန်က အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များလတ် ဆတ်စေရေး၊ အလေးချိန်ခွင် တိကျမှန်ကန်စေရေးနှင့်ဈေး ရောင်း/ ဈေးဝယ်သူများ နှာခေါင်း စည်း(Mask)တပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ 

အလားတူရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အနေဖြင့် ယနေ့တွင် မရမ်းကုန်း မြို့နယ်၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရုံးဝင်း၊ ပုဇွန်တောင်မြို့နယ်၊ပုဇွန် တောင်ဥယျာဉ်အိမ်ရာနှင့် ညောင်တန်းအိမ်ရာ၊ အင်းစိန် မြို့နယ် မုဒိတာအိမ်ရာ  ၂  နှင့် စော်ဘွားကြီးကုန်းရပ်ကွက်၊ လှိုင်မြို့နယ် မင်းဓမ္မလမ်းနှင့် လှိုင်မြစ်လမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမ ဝင်းနှင့် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း၊  ၁၂ ထပ်ခွဲရုံးဝင်း များတွင်လည်း ဈေးရောင်းချ ပေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ကံဘဲ့အိမ်ရာဝင်း၊ အားကစားကွင်းကို  ကြည့်ရှု စစ်ဆေးပြီး ရေဝပ်နေရာများ သဲဖို့မြေပြုပြင်ရန်၊အိမ်ရာဝင်း အတွင်းရှိ ဝန်ထမ်းမိသားစုများ အား အသင်းများဖွဲ့စည်း၍ ဘောလုံးပွဲများ ကျင်းပပေးရန် နှင့် အားကစားနှင့်ကိုယ်လက် ကြံ့ခိုင်ရေး ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရန်တို့ ကို မှာကြားသည်။


ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ရန်ကင်းမြို့နယ်၊  ၁၁  ရပ်ကွက်၊ နှင်းဆီလမ်းရှိ ဆည်မြောင်းချောင်းအတွင်း အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ချောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းထားရှိမှုနှင့် ၁၂ ပေ အကျယ်ရှိ ဆည်မြောင်း ချောင်း၏ ဝဲ/ယာတွင် အရှည် ၅၉၅ ပေ၊ အမြင့် ၉ ပေ၊ ထု ၁ ပေရှိ မြေထိန်းနံရံတည်ဆောက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ မင်္ဂလာဗိမာန်ကျောင်းတိုက် အဝင်/အထွက်လမ်းကို သဲအိတ် များခင်းပေးရန်နှင့် သန့်ရှင်းသာ ယာသပ်ရပ်ရေး ဆောင်ရွက်ရန် တို့ကို မှာကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။ 

                          

အဆိုပါ ဆည်မြောင်းချောင်း သည် အင်းလျားကန်ရေပိုလွှဲမှ စတင်စီးဆင်းပြီး တောင်ဥက္က လာပမြို့နယ်၊ ရေပေါက်ကြည် ချောင်းမှတစ်ဆင့် ငမိုးရိပ်ချောင်း အတွင်းသို့ စီးဝင်လျက်ရှိရာ ဆည်မြောင်းချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရန် နှင့် ချောင်းကမ်းပါး ရေတိုက် စားမှုမှ လျော့ပါးစေပြီး ရေကြီး ရေလျှံမှုကို                ကာကွယ်ရန် မြေထိန်းနံရံ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ 


ထိုမှတစ်ဆင့် မြို့တော်ဝန် နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊ မိုးကောင်းလမ်း၊ မြဝတီမီဒီယာ စင်တာရှေ့ ကျောက်ကုန်းလမ်းမှ ခုနစ်ပင် လိမ်ချောင်းအထိ အင်ဂျင်နီယာ ဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ အရှည် ၁၉၃၅ ပေ၊ အကျယ် ၃ ပေ၊ အနက် ၃ ပေ ရှိ မြောင်းဖုံးပါ အုတ်ရေမြောင်း တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလ အတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ ရေမြောင်းနှင့် ကားလမ်းအကြား ကွန်ကရစ်ခင်း ၍  စက်ဘီးလမ်းပြုလုပ်ပေးရန် နှင့်ရေမြောင်းနှင့်အုတ်တံတိုင်းအကြား မြက်စိုက်၍ မြေယာရှုခင်းဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။


ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ဗိုလ်တထောင် မြို့နယ်၊ ကုန်သည်လမ်း၊ အမှတ် ၃၅၁၊ ၃၆၁ ရှိ ယခင်မြန်မာ့ မီးရထားရုံးချုပ် ရုံးဟောင်းမြေ နေရာရှိ စီမံကိန်းအဆောက် အအုံများ တည်ဆောက်မည့် လုပ်ငန်းခွင်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေ လာစီမံခန့်ခွဲမှု)က ဗိုလ်မြတ် ထွန်း မြစ်ထွက်ပေါက် ရေ မြောင်းမြေထိန်းနံရံ အရှည် ၃၀၀ ပေ၊ အကျယ် ၂၂ပေ တည်ဆောက်ပြီးစီးမှု နှင့်အရှည် ၁၄၇ ပေ၊ အကျယ် ၂၀ပေရှိ ကုန်တင်ရထားလမ်းကူးBox Culvert  တည်ဆောက်နေမှု ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။


အဆိုပါမြောင်းအတွင်းသို့ ဗိုလ်တထောင်မြို့နယ်၊ ၉ ရပ်ကွက်၊ ၅ ရပ်ကွက်နှင့် ၆     ရပ်ကွက်တို့မှ ရေများစီးဝင်ပြီး  ဗိုလ်မြတ်ထွန်းမြစ်ထွက်ပေါက်မှတစ်ဆင့် ရန်ကုန်မြစ်အတွင်း သို့ စီးဆင်းလျက်ရှိပြီး အဆိုပါ နေရာတွင်  တည်ဆောက်မည့် ဆောက်လုပ်ရေး လုပ်ငန်း များကြောင့် ရေမြောင်းများ ပိတ်ဆို့ပြီး ရေကြီးရေလျှံမှု မဖြစ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေး၊ ကုန်တင် ရထားများ ဖြတ်သန်းသွားလာ နိုင်ရေးအတွက် ရေမြောင်း မြေထိန်းနံရံနှင့် ရထားလမ်းကူး Box Culvert တည်ဆောက်ခြင်း ဖြစ်ကြောင်း Box Culvert  ပြီးစီးပါက Box Culvert  နှင့် ကမ်းနားလမ်း အကြား ရေစုကန် ဆက်လက်တည်ဆောက်သွား မည်ဖြစ်ကြောင်းသိရသည်။

သတင်း-မိုးဝေ

ဓာတ်ပုံ-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ