နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူအသင်းက တိုက်စစ်မှူး မိုရာတာကို ခေါ်ယူရန် ကမ်းလှမ်း

  ဩဂုတ်   ၁၆


မန်ယူအသင်းသည် တိုက် စစ်ပိုင်းလိုအပ်ချက်ကို ထပ်မံ ဖြည့်တင်းရန်အတွက် အေတီကို အသင်း တိုက်စစ်မှူးမိုရာတာ ကို ပြောင်းရွှေ့ကြေး စတာလင် ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူ ရန် ကမ်းလှမ်းခဲ့ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ 


မန်ယူအသင်းသည် ယခု နှစ်ဘောလုံးရာသီတွင် ပရီးမီး ယားလိဂ်ပွဲစဉ် နှစ်ပွဲကစားပြီး ချိန်တွင် တိုက်စစ်ပိုင်းအနေဖြင့် ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် နည်းပြတန်ဟက်က ဘိုလော့ဂ် နာ တိုက်စစ်မှူး အန်နာတိုဗစ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့ရာ အောင်မြင်မှုမရခဲ့သောကြောင့် အေတီကိုအသင်းမှ တိုက်စစ်မှူး မိုရာတာကို ထပ်မံခေါ်ယူရန် ဆွေးနွေးမှုပြုလုပ်နေခြင်းဖြစ် သည်။ 


အသက် ၂၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး မိုရာတာသည် ပြီးခဲ့သည့် ဘောလုံးရာသီ နှစ်ရာသီက ဂျူဗင်တပ်အသင်း တွင် အငှားစာချုပ်ဖြင့် သွား ရောက်ကစားခဲ့ရပြီး ပြိုင်ပွဲစုံ ၉၂ ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၃၂ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ် နိုင်ခဲ့သည်။ 


ယင်းကို ဂျူဗင်တပ် အသင်း က အပြီးသတ်ခေါ်ယူခဲ့ခြင်း မရှိ၍ အေတီကိုအသင်းနှင့် ပြန် လည်ပူးပေါင်းနေပြီးယခုအခါ တွင် မန်ယူအသင်းက ခေါ်ယူ ရန် ပြင်ဆင်လာခြင်းဖြစ်သည်။ 

(သူရိန်)






အခြားဆက်စပ်သတင်းများ