နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ် အဆင့်မြင့်သင်္ဘော သီရိလင်္ကာဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်ပြု

ကိုလံဘို ၊ သြဂုတ် ၁၅ 


အိန္ဒိယနှင့် အမေရိကန်နိုင်ငံများက လုံခြုံရေး စိုးရိမ်မှုရှိကြောင်း ပြောဆိုထား သော်လည်း တရုတ်သင်္ဘော Yuan Wang 5 ကို သီရိလင်္ကာနိုင်ငံ တောင်ဖက်စွန်းရှိ Hambantota ဆိပ်ကမ်းတွင် သြဂုတ် ၁၆ ရက်၌ ဆိုက်ကပ်ခွင့်ပြုရန် သဘော တူလိုက်သည်။


လုံခြုံရေးဆိုင်ရာ ပညာရှင်များ၏ အဆိုအရ တရုတ် Yuan Wang 5 သင်္ဘောသည် တရုတ်၏ နောက်ဆုံးပေါ် အာကာသ ထောက်လှမ်းရေးသင်္ဘောအမျိုးအစားဖြစ်ပြီး ဂြိုဟ်တုများကို ခြေရာခံ စောင့်ကြည့်လေ့ရှိသကဲ့သို့ဒုံးကျည် များ ၊ တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်း ဒုံး ပစ်လွှတ်မှုများကိုလည်း စောင့်ကြည့် နိုင်သည့် အဆင့်မြင့်သင်္ဘော ဖြစ်ကြောင်း သိရသည်။


အာရှ-ဥရောပ အဓိက ရေကြောင်း လမ်းဖြတ်သန်းသည့် သီရိလင်္ကာ၏ Hambantota ဆိပ်ကမ်းကို တရုတ် တို့က စစ်အခြေစိုက် စခန်းအဖြစ်အသုံး ချ သွားမည်ကို အိန္ဒိယက စိုးရိမ်နေ သော်လည်း တရုတ်သင်္ဘော လာရောက် ဆိုက်ကပ်ခြင်း မရှိစေရန် သီရိလင်္ကာကို ဖိအားပေးနေခြင်း မရှိကြောင်း အိန္ဒိယ က ဆိုသည်။


အဆိုပါ Yuan Wang သင်္ဘော အုပ်စုကို တရုတ်ပြည်သူ့လွတ်မြောက် ရေး တပ်မတော် PLA ၏ မဟာ ဗျူဟာ ထောက်ပံ့ရေးတပ်က စီမံခန့်ခွဲခြင်းဖြစ် ကြောင်း အမေရိကန်- ပင်တဂွန်စစ်ဌာန ချုပ်က ပြောသည်။              (ref: AFP)






အခြားဆက်စပ်သတင်းများ