နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-ထိုင်း လေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဗန်ကောက်၊ သြဂုတ် ၁၅


တရုတ်လေတပ် နှင့် ထိုင်းလေတပ်တို့ ပူးတွဲ၍ Falcon Strike 2022 ဟူသည့် စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၄ တွင် စတင်ပြုလုပ်နေပြီ ဖြစ်သည်။


အဆိုပါ Falcon Strike 2022 စစ်ရေးလေ့ကျင့်မှုကို လာအိုနယ်စပ်အနီး ထိုင်းမြောက်ပိုင်းရှိ Udorn တော်ဝင်လေတပ် အခြေစိုက် စခန်းတွင် ပြုလုပ် လျက် ရှိပြီး နှစ်နိုင်ငံလုံးမှ တိုက်လေယာဉ်များနှင့် ဝေဟင်မှ ကြိုတင် သတိပေး လေယာဉ်များလည်း ပါဝင်ကာ ယင်းစစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်ကြာ ပြုလုပ် မည်ဟု ဆိုသည်။


အဆိုပါ လေ့ကျင့်မှုတွင် လေကြောင်း ပံ့ပိုးမှု၊ မြေပြင်ပစ်မှတ်များကို တိုက်ခိုက် မှုနှင့် အသေးစားနှင့် အကြီးစား တပ်ဖြန့်မှုတို ပါဝင်မည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည်။


စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်လေတပ်၏ လေယာဉ်များလည်း ထိုင်းနိုင်ငံ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

 (ref: BBC)






အခြားဆက်စပ်သတင်းများ