နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS ယာဉ်စီးခများ တိုးမြှင့်ကောက်ခံရန် ညွှန်ကြားထားခြင်းမရှိ

ရန်ကုန်၊  ဩဂုတ်  ၁၄


ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့် YBS ခရီးသည် တင် ယာဉ်စီးခနှုန်းထားများတိုးမြှင့် ကောက်ခံရန် YRTC က ညွှန်ကြားထား ခြင်းမရှိကြောင်းနှင့် သတ်မှတ်ယာဉ်စီး ခနှုန်းထားထက် ပိုမိုကောက်ခံပါက  YRTC Call Center သို့ တိကျသေချာစွာ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင် ရေးကြီးကြပ်မှုကော်မတီ YRTC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


"ယာဉ်စီးခနဲ့ပတ်သက်ပြီး YRTC မှ ဝန်ထမ်းများက ခရီးသည်အသွင်ယူစီး နင်းပြီး သတ်မှတ်နှုန်းထားထက် ပိုကောက်တာတွေကို ဖော်ထုတ်လျက် ရှိပါတယ်၊ Call Center ကတိုင်ကြား တာတွေရှိရင်လည်း သက်ဆိုင်ရာ ယာဉ်လိုင်းတာဝန်ရှိသူနဲ့ ယာဉ်မောင်း ကိုခေါ်ယူပြီး ဒဏ်ရိုက်ပြစ်ဒဏ်၊ ခေါ်ယူ သတိပေးပြစ်ဒဏ်၊ ယာဉ်မောင်းလိုင် စင်ပိတ်သိမ်းပြစ်ဒဏ် စတဲ့ဥပဒေပုဒ်မ အလိုက်ပြဌာန်းထားတဲ့ ၁၃၈ ချက်သော ဥပဒေနဲ့အညီ အရေးယူဆောင်ရွက် ပါတယ်"ဟု YRTC ကော်မတီဝင် ဦးခင်မောင်ထွေးက ပြောသည်။


YRTC မှ တရားဝင်သတ်မှတ်ထား သည့် ယာဉ်စီးခနှုန်းထားများမှာ အနည်းဆုံး ၁၀၀ ကျပ်မှ အများဆုံး ၄၀၀ ကျပ်အထိ သတ်မှတ်ထားသည်။ ယာဉ်စီးခ ပိုမိုကောက်ခံသည့်ယာဉ်များ အပြင် စပယ်ယာတင်ဆောင်သည့် ယာဉ် YBS ယာဉ်များကို CNG တစ်နှစ် သို့မဟုတ် ခြောက်လပိတ်သိမ်းအရေး ယူလျက်ရှိသည်။ ယခုလက်ရှိ CNG ပိတ်သိမ်းအရေးယူထားသည့် ယာဉ် အစီးရေ ၅၃၉ စီးရှိပြီး ပိတ်သိမ်းကာလ သုံးလ၊ ခြောက်လပြည့်ပြီး ယာဉ်အစီး ရေ ၃၄၅ စီးဖြင့် ဆက်လက်အရေးယူ ထားသည့်ယာဉ်အစီးရေ ၁၉၄ စီးရှိ သည်။


ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူ များ အဆင်ပြေချေမွေ့စွာသွားလာနိုင် ရန် YBS ယာဉ်လိုင်း ၁၁၆ လိုင်းမှ နေ့စဉ် ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့် ခရီးသည် ၁၂ သိန်းကျော်အား ဝန်ဆောင် မှုပေးလျက်ရှိကြောင်းသိရသည်။

နန္ဒာဆွေ(မြို့တော်)






အခြားဆက်စပ်သတင်းများ