နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး

ရန်ကုန်၊  ဩဂုတ်  ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ မြောက် ဥက္ကလာပမြို့နယ်တွင် နေထိုင်သောမိဘပြည်သူ များစားသုံးဆီကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာနိုင်ငံဆီကုန် သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် Global Good Pure Group Co.,LTD  က  စားသုံးဆီများကို ပြည်သူများလက်ဝယ်သို့ သက်သာသောစျေးနှုန်း ထားတို့ဖြင့်ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ အမှတ် ၂၁ ရပ်ကွက် မြို့ပတ်လမ်းသွယ် ၃ လမ်း ရွှေပေါက်ကံ၌ ဆီတစ်ပိဿာလျှင်  ငွေကျပ် ၃၇၀၀ နှုန်း ဖြင့်ရောင်းချပေးကြောင်းသိရသည်။


စားသုံးဆီများကို ပြည်သူများဈေး နှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် လူ တစ်ဦးလျှင်   စားသုံးဆီတစ်ပိဿာနှုန်းဖြင့် ယမန်နေ့တွင်  ပိဿာချိန် ၂၀၀၀ ကို ရောင်းချပေးခဲ့ကြောင်းသိရသည်။                                                    လှလှထွေး






အခြားဆက်စပ်သတင်းများ