နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးရုံကြီးဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရန်ကုန်၊  ဩဂုတ်  ၁၄


လသာမြို့နယ်ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသပ်ရပ်​သာယာလှပ​စေ​ရေး ၊ခြင် အန္တရာယ်ကင်း​ဝေး​စေ​ရေးနှင့်  ဆေးရုံ တက်ပြည်သူများ​အေးချမ်းလုံခြုံစွာ နေနိုင်​စေ​ရေးအတွက် ရန်ကုန်‌ ကျောက်တံတား ခရိုင်၊ လသာမြို့နယ်၊  ဆေးရုံကြီးဝန်း ကျင်၌   ယ​မန်နေ့က ဆောင်ရွက်ကြ သည်။


စု​ပေါင်းသန့်ရှင်းရေး​ထိုသို့ဆောင်ရွက် ရာတွင်      ဆေးရုံကြီးဝင်းအတွင်းရှိ အဆောက်အဦနှင့်မလွတ် ကင်းသော၊  သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေးပြုလုပ် ခြင်း၊ ရေမြောင်းများအတွင်းရှိ   အမှိုက် များဆယ်ယူခြင်း၊ အဘိတ်ဆေးခတ်ခြင်း များကို စုပေါင်းဆောင်ရွက်ကြသည်။ 


အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်ရာတွင် မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် တာဝန် ရှိသူများ၊ ဆေးရုံဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့က သန့်ရှင်းရေး ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း  သိရသည်။             

 နီနီအောင်






အခြားဆက်စပ်သတင်းများ